Paper strike လှုပ်ရှားမှုတွေနဲ့ ဧပြီလ ၂၈ ရက်နေ့ ဆန္ဒထုတ်ဖော်မှုများ

//s9.kh1.co/a0/a02a0bbbc8c7e3e581b9d74f7226392c74e513d0.jpg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အင်တိုက်အားတိုက်နဲ့ ပြန်လည်အားကောင်းလာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကတော့ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာလည်း အားကောင်းနေခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာလည်း အမျိုးမျိုးသောပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေကို နေ့စဥ်ရက်ဆက်ဆိုသလို ပြန်မြင်တွေ့လာရပါတယ်။

https://s9.kh1.co/__image/w=650,h=1045,q=100/90/90d8dac84f39538dcaf20536a9a79325102d22ed.jpg
https://s9.kh1.co/__image/w=650,h=488,q=100/6c/6c424f4867e60a99cbf0824a6f851649896cdcd4.jpg

ဒီကနေ့မှာဆိုရင်လည်း paper strike လူထုလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့အတွင်းက ဘတ်(စ်) ကားတွေပေါ်မှာ စာရွက်တွေကပ်တဲ့ လှုပ်ရှားမှုဟာ facebook ပေါ်မှာသာမက twitter ပေါ်ထိပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

လူငယ်တွေဟာ စာရွက်တွေပေါ်မှာ ကိုယ်ရေးချင်တဲ့ စာလုံးတွေရေးပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ဒီလှုပ်ရှားမှုဟာ ရန်ကုန်မှာသာမက အခြားသောမြို့တွေမှာလည်း ပြုလုပ်ကြတာကိုတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/26/26eae8068787584537751dce5ea53563e1cdc8a7.jpg
https://s9.kh1.co/__image/w=650,h=430,q=100/41/4129a5834441ff26a4f7ea8293653f8ae92e1ff8.jpg
https://s9.kh1.co/__image/w=650,h=682,q=100/a4/a446fb5e20f791cd974e1858a0b7ddcf9d5fb0b7.jpg

ဒါ့အပြင် ချီတက် သပိတ်စစ်ကြောင်းတွေအနေနဲ့ မန္တလေး ၊ ထားဝယ် ၊ မြစ်ကြီးနား နဲ့ အခြားသောမြို့နယ်တွေမှာ ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သို့ပေမယ့် မန္တလေးက ကျောင်းသားတွေများစွာပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒထုတ်ဖော်နေစဥ်အတွင်း ဖြိုခွဲခံရတာကြောင့် ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=717,q=100/6a/6af2734250a2ff990644702145f693990f5724df.jpg
https://s9.kh1.co/__image/w=650,h=434,q=100/86/86d9e6c79f28fc1b262c04a7c57531c7741ea649.jpg
https://s9.kh1.co/__image/w=650,h=486,q=100/18/185bb26d83c8c2ac66249496a53b1a7016e2a770.jpg
https://s9.kh1.co/__image/w=650,h=489,q=100/b4/b44f3caf4dbc9f43c9dd87907336fde6a667519d.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T