တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ ဘူးသီးတွေနဲ့လည်း ဆန္ဒထုတ်ဖော်လိုက်ကြတဲ့ ပြည်သူတချို့

//s9.kh1.co/93/93e6f09c7f52d5878df702a07ef68dfa3b4b5e85.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ ဘူးသီးတွေနဲ့လည်း ဆန္ဒထုတ်ဖော်လိုက်ကြတဲ့ ပြည်သူတချို့

ပြည်သူလူထုကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ ယခုအချိန်အထိ စိတ်ကူးအမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ပြည်သူတွေက အရမ်းစည်းလုံးကြတာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အကြောင်းအရာတစ်ခုခုတင်လိုက်တာနဲ့ မြို့နယ်တိုင်းနီးပါးက တညီတညွတ်တည်း လုပ်ဆောင်ကြတာဖြစ်ပါတယ်။အခုချိန်မှာ အင်တာနက်တွေမရရှိပေမယ့် နယ်ဘက်တွေကလည်း တက်တက်ကြွကြွနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြဆဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိအခြေအနေမှာဆိုရင် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကလည်း တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။အခုချိန်မှာ ပြည်သူတွေက လူမဲ့သပိတ်အနေနဲ့ paper strike၊eggs strike စတဲ့ ရရာနည်းလမ်းအမျိုးမျိုးနဲ့လည်း  မိမိတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း  “ဘူးသပိတ်”ဆိုပြီး ဘူသီးတွေမှာ စာလေးတွေရေးထားကာ လမ်းပေါ်မှာ လူမဲ့သပိတ်ကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကတော့ အရာရာကိုစွန့်လွှတ်ရဲကြပြီး အခက်အခဲ၊အတားအဆီးတွေကြားကနေ မိမိတို့စွမ်းဆောင်နိုင်သလောက်ကို တာဝန်ကျေပွန်စွာနဲ့ထမ်းရွက်နေကြတာ ဖြစ်ပါတယ်။ဒီနေ့အချိန်ထိတစ်ရက်မှမနားကြဘဲ  လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက်နဲ့ နေ့စဉ်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ဇွဲ၊လုံ့လ၊ဝီရိယလည်းရှိတဲ့အပြင်ရဲစွမ်းသတ္တိလည်းပြည့်ဝကြတဲ့ ပြည်သူတွေရဲ့ “ဘူးသပိတ်”ဆောင်ရွက်ထားကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T