ခေါင်းရိုက်ခံလိုက်ရပြီး အဆောင်ခပေးဖို့ပိုက်ဆံနဲ့ ဖုန်းတစ်လုံးကို လုသွားတာကြောင့် အရမ်းအခက်အခဲဖြစ်နေတဲ့ Rider တစ်ဦး

//s9.kh1.co/f8/f8f280e11489a352b0d216cd72a0195f56a38a52.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ခေါင်းရိုက်ခံလိုက်ရပြီး အဆောင်ခပေးဖို့ပိုက်ဆံနဲ့ ဖုန်းတစ်လုံးကို လုသွားတာကြောင့် အရမ်းအခက်အခဲဖြစ်နေတဲ့ Rider တစ်ဦး

အခုကာလမှာဆိုရင် ပြည်သူတိုင်းနီးပါးက စုဆောင်းထားတာလေးတွေနဲ့သာ စားသောက်နေထိုင်ပြီးတချို့တစ်ဝက်ကိုလှူဒါန်းနေကြတာဖြစ်ပါတယ်။တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတွေအတွက်ကတော့ လက်ရှိအခြေအနေမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတာကြောင့် သူတို့ရဲ့မိသားစုတွေခမျာ စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။တတ်နိုင်တဲ့ပြည်သူတွေကတော့ ခက်ခဲနေတဲ့မိသားစုတွေကိုသဒ္ဓါတရားအပြည့်နဲ့ မျှဝေလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

စားဝတ်နေရေးအဆင်ပြေဖို့အတွက် တချို့ပြည်သူတွေကတော့ စက်ဘီးလေးတွေနဲ့ အစားအသောက်ဝန်ဆောင်မှုကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။အရမ်းခက်ခဲနေကြတဲ့ Riderလေးတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးကြဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း Rider တစ်ဦးက အဆောင်ပြန်တဲ့လမ်းမှာ အဆောင်ခပေးဖို့ Kpay ကနေထုတ်လာတဲ့ ပိုက်ဆံ(၁၂၀၀၀၀)နဲ့  redmi 8 pro ဖုန်းတစ်လုံးကို အလုခံလိုက်ရတာဖြစ်ပါတယ်။လုသွားတဲ့သူက သူ့ကိုနောက်ကနေခေါင်းကိုရိုက်သွားတာကြောင့်(၂)ချက်ချုပ်လိုက်ရသေးတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအလုခံလိုက်ရတာကြောင့် အဲ့ဒီRiderအတွက် အဆောင်ခအခက်အခဲဖြစ်နေတဲ့အပြင် ဖုန်းလည်းမရှိတော့လို့အလုပ်လုပ်ဖို့လည်း အဆင်မပြေဖြစ်သွားရတာ ဖြစ်ပါတယ်။ဒီလိုကာလမှာ အန္တရာယ်တွေများနေတာတောင် စားဝတ်နေရေးအတွက် ကိုယ့်အားကိုယ်ကိုးပြီး လမ်းပေါ်ထွက်ကာ အလုပ်လုပ်နေရတဲ့သူတွေ အများအပြားရှိနေတာဖြစ်ပါတယ်။အခုလိုအလုခံလိုက်ရတာကြောင့် အခက်အခဲဖြစ်သွားရတဲ့ Riderတစ်ဦးကို ကူညီပေးချင်တယ်ဆိုရင်တော့ (09673144350)ကို ဆက်သွယ်မေးမြန်းပြီး ကူညီလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T