သူမရိုက်ကူးထားသော ကြော်ငြာအချို့ Facebook ပေါ်တွင် မြင်နေရတာနဲ့ ပတ်သက်ပြီး နားလည်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ ဟန်နာယူရီ

//s9.kh1.co/14/14745a53b35490afef185d2b68f22088b52c9e0f.jpeg
အနုပညာရှင်များ

 ၂၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Make-Up Artist အဖြစ် ရပ်တည်နေပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ရရှိထားသူကတော့  ဟန်နာယူရီပဲ  ဖြစ်ပါတယ်။  သူမကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေရုံသာမကဘဲ  ကြော်ငြာမင်းသမီးအဖြစ်နဲ့ပါ အောင်မြင်မှုတွေ ရရှိထားသူပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသော ပြည်သူတွေကို တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 

ဒါ့အပြင်  မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေတာတွေကိုလည်း  နိုင်ငံတကာမှ သိရှိနိုင်စေရန်  သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် Speak Out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  ကျရာအခန်းကဏ္ဍကနေ ကိုယ်တတ်နိုင်သလောက်  ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့  ဟန်နာယူရီရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။ သူမရိုက်ကူးထားတဲ့ကြော်ငြာအချို့ Facebook ပေါ်တွင် မြင်နေရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အထင်မြင်လွဲမှာ စိုးတာကြောင့်ပြန်လည်ဖြေရှင်းထားတာကို  ဟန်နာယူရီရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 

သူမကလည်း " Attention please ❗️❗️❗️

ကျွန်မပုံ video နဲ့ စီးပွားရေးကြော်ငြာတွေ

တက်နေပါတယ် လောလောဆယ်

2021 January ကရိုက်ကူးထားတဲ့Korea 

ကြော်ငြာအချို့တက်နေပါတယ် 

ကျွန်မကagency နဲ့လုပ်တာဆိုတော့ 

ပြောမရလို့နားလည်ပေးပါနော်

ကျွန်မလည်းဒီအာဏာသိမ်းထဲက

ဆုံးရှုံးမှုတွေအများကြီးပါရှင်

ကျွန်မက agency ကို February 1

ရက်နေ့ထဲက မိမိနိုင်ငံရေးအခြေနေ

မကောင်းတဲ့အတွက် ကျွန်မရဲ့social media 

မှာအလုပ်နဲ့ ပတ်သက်တာတွေမတင်ဘူးဆိုပြီး 

ထုတ်ပြန်ထားပါတယ်အချို့နိုင်ငံခြားcompany မြန်မာagencyတွေနဲ့လုပ်တဲ့project တွေကနားလည်ပေးပေမယ့်အချို့ပြသနာရှာတဲ့China,Thailand,Korea project တွေကို လျော်ကြေးတွေပေးလိုက်ရပါတယ်။Covid၁နှစ်အလုပ်လက်မဲ့ပြန်လည်ပတ်ခါမှဒီလို

ဖြစ်လို့တော်တော်အဆင်မပြေပါဘူးရှင်

အချို့ရိုက်ကူးရေးprojectsတွေက50%ငွေလက်ခံထားတဲ့အတွက် social media မှာတင်ပြီးမှ 50%ငွေချေတာပါရှင့်။အခုအခြေအနေမှာကျွန်မလုံးဝမတင်နိုင်တာကိုနားလည်ပေးတယ်နိုင်ငံရေးအဆင်ပြေမှတင်ပါတဲ့။ဒါပေမဲ့အခုကကိုယ့်နိုင်ငံရေးအခြေနေက ၃လပြည့်တော့မှာဆိုတော့သူတို့ဘက်က page တွေကတော့မြန်မာအပါAsia market အတွက်စသုံးနေပါပြီ။ဟိုဘက်company 

Page တွေကိုလဲNegative comment မပေးပါနဲ့ 

ကူညီပြီးsupport ပေးနားလည်ပေးဖို့

မေတ္တာရပ်ခံခဲ့ဖူးပါတယ်။ 

ကျွန်မကိုblacklist တစ်နိုင်ငံလုံးကမုန်းနေသလို

တွေရေးဒုက္ခပေးလိုက်ဆဲနေတဲ့အယုတ်တမာတွေကို

ပြောချင်ပါတယ်။လူလည်းခွေးပြေးဝက်ပြေးတစ်နိုင်ငံလုံး သေဘေးကြုံဆင်းရဲဒုက္ခရောက်နေတာကို မကောင်းတဲ့စိတ်ထားနိုင်သေးတယ်နော်။ နိုင်ငံခြားpage တွေကတင်နေတဲ့ကျွန်မအလုပ်post တွေမှာအခုအနေဆိုးကြီးမှာတောင်ဆဲဆိုဝေဖန်နေမဲ့အစား တိုင်းပြည်အတွက်အကျိုးရှိတာလုပ်။ကျွန်မဒီလိုအခြားနိုင်ငံနဲ့ နိုင်ငံခြားfollowers တွေconnection တွေရှိလို့ပဲ ကိုယ့်နိုင်ငံရေးအတွက်တတ်နိုင်သလောက်အဘက်ဘက်ကဘာတွေလုပ်ပေးနေလည်းကျွန်မSocial media တွေဝင်ကြည့်ပါ ။အမှားတစ်ခုကိုထောက်  သေတဲ့အထိခင်များတို့ပြောတိုင်းတစ်သက်လုံးခေါင်းငုံ့ငြိမ်ခံနေမှာလား? ။ပြီးတော့ဒီကြော်ငြာတွေကကျွန်မ ပိုက်ဆံအပြည့်မရထားသေးဘူး ကိုယ့်နိုင်ငံရေးအခြေနေမကောင်းလို့ social media မှာဘာအလုပ်တွေ အပျော်တွေမတင်ပဲ နိုင်ငံရေးထိုင်လုပ်နေတာ ။ ကျွန်မမှာလည်းရင်းထားတာတွေအများကြီးဒီအချိန်မှာတော့အချင်းချင်းအရေးမပါတာနဲ့ အကျင့်မယုတ်ကြေးလို့ ပြောချင်ပါတယ်

ကိုယ်အပေါ်ကူညီထောက်ပံ့နေတဲ့companies တွေ

Agency တွေနဲ့ ဒီအချိန်ပြသနာထပ်မတက်ချင်လို့ပါ

ကျွန်မကတကယ်social media တွေမှာ personal 

အလုပ်နဲ့ပတ်သက်တာလုံးဝမတင်နိုင်ခဲ့တဲ့အတွက်အခု လုပ်ထားသမျှအခြားနိုင်ငံ Korea projects အားလုံးကကျန်တဲ့50% ကိုလုံးဝလက်မခံရသေးပါဘူး။February 1ထဲကအနုပညာနဲ့ပတ်သတ်ပြီးဘာဝင်ငွေမှမရှိပါဘူးရှင့်။ခုချိန်ထိsocial media ကနေတင်ရမယ့် ဘာအလုပ်မှလက်ခံထားခဲ့တာမရှိပါဘူးရှင် ။ဒါကြောင့် ကျွန်မကိုလာအနိုင်ကျင့်နေတဲ့ comment တွေတွေ့ရင်ကျွန်မကိုကာကွယ်ရပ်တည်ပေးဖို့ ကျွန်မကိုချစ်တဲ့followers တွေကိုညိုးငယ်စွာတောင်းဆိုပါတယ် " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ 

Source and Photo Crd-Hannayuri’s Facebook Page 

Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Photo Crd-Hannayuri’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T