နွေဦးတော်လှန်ရေးမှာကြွေလွင့်သွားတဲ့ သူရဲကောင်းညီညီရဲ့ နှစ်လပြည့်မှာ မိသားစုမှကောင်းမှုကုသိုလ်များစွာပြုပေးခဲ့တဲ့ပုံရိပ်များ

//s9.kh1.co/42/42306fd0eee049f2c7f1bad0a0a6b600940305db.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

....

ခုဆိုရင်မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေ (၇၀၀) ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ကြွေလွင့်သွားတဲ့ သူရဲကောင်းကိုယ်စီကို ပြည်သူအားလုံးက ဒီနေ့ထိမမေ့ဘဲဆုတောင်းပေးခြင်းတွေအပြင် လှုပ်ရှားမှုမျိုးစုံနဲ့ ဂုဏ်ပြုဆန္ဒထုတ်ဖော်ပေးမှုတွေကို နေရာအနှံအပြားမှာ ညီညီညွတ်ညွတ်ပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလိုသူရဲကောင်းတွေထဲမှာမှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းညီညီကို အားလုံးက အမှတ်ရနေကြဆဲ ဖြစ်ပါတယ် ။ ညီညီကတော့  အစ်ကိုဖြစ်သူနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း လူစုခွဲသွားတဲ့အချိန်မှာပဲ ကျည်ထိမှန်ပြီး စာသင်ကျောင်းအရှေ့မှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ပြည်သူအားလုံးကလည်း မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဧပြီလ (၂၈) ရက်နေ့မှာတော့ ညီညီကွယ်လွန်တာ (၂) လပြည့်ခဲ့ပြီဖြစ်ရာ သက်ဆိုင်ရာ မိသားစုတွေက ညီညီအားရည်စူးပြီး ကောင်းမှုကုသိုလ်များစွာပြုလုပ်ပေးခဲ့တာကိုတွေ့မြင်ရပါတယ်။ဒါ့အပြင် ညီညီအတွက် အမှတ်တရ ရေးပေးကြတဲ့ ပြည်သူတွေရဲ့ စာလေးကိုလည်း ဖော်ပြထားပါသေးတယ်။ပရိသတ်ကြီးအတွက် အလှူပုံရိပ်တွေကိုပြန်လည်ဝေမျှပေးရင်း ညီညီလည်း ကောင်းရာမွန်ရာ ဘဝမှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T