စစ်ဘေးဒုက္ခတွေကြားမှာ အမွှာကိုယ်ဝန်လွယ်ထားရတဲ့မိခင်ကို ဘေးမသီရန်မခဘဲ မီးဖွားနိုင်အောင်လို့အစစအရာရာကူညီပေးခဲ့တဲ့ စေတနာရှင်တစ်စု

//s9.kh1.co/17/17cbab3929da41f7eaac8cda1e2eef9064347887.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စစ်ဘေးဒုက္ခတွေကြားမှာ အမွှာကိုယ်ဝန်လွယ်ထားရတဲ့မိခင်ကို ဘေးမသီရန်မခဘဲ မီးဖွားနိုင်အောင်လို့အစစအရာရာကူညီပေးခဲ့တဲ့ စေတနာရှင်တစ်စု

လက်ရှိမှာဆိုရင် ကချင်ပြည်နယ်ဘက်မှာ ဒေသခံတိုင်းရင်းသားတချို့က စစ်ဘေးဒုက္ခကြောင့် တောထဲမှာနေထိုင်နေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်နေတဲ့ တိုင်းရင်းသားတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာဖြစ်လို့ သူတို့ကို စေတနာရှင်ပြည်သူတစ်စုက ကူညီပေးနေကြတာဖြစ်ပါတယ်။၂၀၂၁ခုနှစ်၊ဧပြီလ(၁၆)ရက်နေ့ကလည်း အမွှာကိုယ်ဝန်လွယ်ထားရတဲ့ မိခင်တစ်ဦးကို Angels Foundation မှအဆင်ပြေပြေမီးဖွားနိုင်ဖို့အတွက် အစစအရာရာ ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page

ဆေးရုံ၊ဆေးခန်းနဲ့လည်း ဝေးကွာနေတာကြောင့် အဲ့ဒီအမျိုးသမီးရဲ့ကိုယ်ဝန်ကို အမွှာဖြစ်နေတယ်လို့ မိခင်အပါအဝင် ဘယ်သူမှမသိခဲ့တာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ထားရတဲ့မိခင်ဖြစ်သူကတော့ ဆေးရုံ၊ဆေးခန်းမရှိတဲ့လက်ရှိနေထိုင်ရာစစ်ရှောင်စခန်းမှာပဲ ကလေးအကြီးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ပထမကလေးမွေးပြီးနောက်မှာဒုတိယကလေးမွေးဖွားဖို့အတွက် မြစ်ကြီးနားကို အရေးပေါ်ထွက်လာခဲ့ရတာဖြစ်ပါတယ်။လမ်းတစ်လျှောက်မှာလည်း အတားအဆီး၊အခက်အခဲတွေရှိတာကြောင့် ဒုတိယကလေးလေးမွေးဖွားနိုင်ရန် မိခင်ခမျာ နာကျင်မှုများစွာနဲ့ကြိုးစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page

အန္တရာယ်တွေကြားထဲကနေ ကလေးလေးနှစ်ယောက် လူ့လောကကို ချောမွေ့စွာရောက်ရှိလာဖို့အတွက် မိခင်ကလည်း စစ်ဘေးကြားမှ အရဲစွန့်တိမ်းရှောင်ရင်း မွေးဖွားခဲ့တာဖြစ်ပါတယ်။အခုလောလောဆယ်မှာတော့ အမွှာကလေးလေးနှစ်ယောက်နဲ့အတူ မိခင်ဖြစ်သူက လုံခြုံတဲ့နေရာမှာ စစ်ရှောင်နေရတာဖြစ်ပါတယ်။အိမ်ခန်းအခက်အခဲရှိနေတဲ့ သူတို့မိသားစုလေးကို Angels Foundationမှာ ဆက်လက်ကူညီသွားဦးမှာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးရဲ့မိသားစုလေးကို တစ်နိုင်တစ်ပိုင်လေးကူညီချင်တယ်ဆိုရင်တော့ Angels Foundation Pageမှာမေးမြန်းပြီးလှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page
Photo Credit:Angels Foundation’s Page

Source&Photo Credit:Angels Foundation’s Page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T