အမိုးအကာမလုံခြုံတဲ့ တောင်ဥက္ကလာမှ ကျူးမိသားစုတွေအတွက် လိုအပ်တာတွေ ကူညီပေးကြဖို့ တောင်းဆိုလာတဲ့ ဝေဠုကျော်

//s9.kh1.co/69/690304d2d050c66738e08570e222bdfcb106285f.jpeg
အနုပညာရှင်များ

 ၂၉-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက်ရရှိထားသူကတော့  သရုပ်ဆောင်  ဝေဠုကျော် ဖြစ်ပါတယ်။  သူကတော့  ပရဟိတအလုပ်တွေကို  အင်တိုက်အားတိုက်  ကြိုးစားလုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း  ပါဝင်ကူညီပေးနေတဲ့  ဝေဠုကျော်ရဲ့စိတ်ထားကတော့ လေးစားအားကျစရာကောင်းလွန်းလှပါတယ်။

Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 

အခုလက်ရှိမှာလည်း  စားဝတ်နေရေးအဆင်မပြေကြတဲ့  ပြည်သူတွေထံ  လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းများကို  အလှူရှင်များရဲ့ လှူဒါန်းမှုဖြင့်  သွားရောက်ကူညီပေးနေတာ  ဖြစ်ပါတယ်။  သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကိုလည်း  ပရိသတ်တွေကို သာဓုခေါ်ဆိုနိုင်အောင်  ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ပြန်လည်ဝေမျှပေးနေတာ  ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  အမိုးအကာမလုံခြုံတဲ့ တောင်ဥက္ကလာမှ ကျူးမိသားစုတွေအတွက် လိုအပ်တာတွေ ကူညီပေးကြဖို့ တောင်းဆိုရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 

" 29-4-2021

#အိမ်ဆောက်အလှူခံ

တောင်ဥက္ကလာ က ပလုံကောက်မိသားစုတွေ နေရာ ကမ်းနားကျူးအိမ်လေးတွေက သွားဖူးသမျှ တော်တော်လေးအဆင်းရဲဆုံးလို့ မြင်မိပါတယ်။

ကမ်းနားမှာဆိုတော့ လူတကာ အလွယ်တကူမမြင်နိူင်ကြတော့ အလှူကလည်း ဆက်သွယ်ချိတ်ဆက်နိုင်သလောက်ပဲ ရကြပါတယ်။

အိမ်လေးတွေက ရေတက်ရေကျရှိတော့ အနေအထိုင်သိပ်အဆင်မပြေရတဲ့ ကြားထဲ တချို့ မမိုးမကာနိုင်ကြပါဘူး။

ဒီရပ်ကွက်လေး အမိုးအကာ လှူပေးဖို့ သွားကြည့်တော့ လှူပေးစရာ အိမ်တွေကတော်တော်များတာ တွေ့ရပါတယ်။

မိုးရွာပြီး နောက်ရက်သွားတာကြောင့် အကုန်လုံး စောင်အဝတ်တွေ မိုးစိုလို့ ထုတ်လှမ်းထားကြတာ တွေ့ရပါတယ်။

တစ်အိမ်စီ သီးသန့်ဆောက်ပေးချင်တယ့် အလှူရှင်ရှိရင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ဖောင်ဒေးရှင်းကတော့ ရှေ့အိမ်ဆောက်အလှူက ပိုငွေကို 

 မတည်ပြီး ဝါး၊ဓနိ၊သွပ်၊သစ်၊တာပေါ်လင်စတွေ လိုအပ်နေသောအိမ်များကို တတ်နိုင်သလောက် ထောက်ပံ့ပေးသွားပါမယ်။

စေတနာ အလှူရှင်များလည်း တတ်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့ပေးဖို့ အလှူခံပါရစေ။ " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေဖြင့်  ဝေဠုကျော်ဖောင်ဒေးရှင်း Facebook Page သို့ဆက်သွယ်လို့ရကြောင်း ပြောကြားလိုက်ပါရစေနော်။

Source and Photo Crd-Wai Lu Kyaw’s Facebook Page 

Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T