ကလေး၇ယောက်အမေ မဝါဝါလေးတို့မိသားစုအတွက် အိမ်ဆောက်ပေးနေတဲ့ လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ ဝေဠုကျော်

//s9.kh1.co/9c/9c005b3a327c61a10f581b59127587852f9603b8.jpg
အနုပညာရှင်များ

 ၂၉-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ပိုင်းမှာ အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ပရဟိတအလုပ်တွေနဲ့လည်း အများပြည်သူလေးစားချစ်ခင်နေကြသူကတော့ မင်းသားကြီးဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကာ လိုအပ်နေတဲ့ပြည်သူပရိသတ်တွေအတွက် လှူဒါန်းမှုတွေနဲ့အတူ ကူညီဖေးမနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

ပြည်သူတွေနဲ့အတူ အမြဲရပ်တည်နေတဲ့ ပရဟိတမင်းသားဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း ကလေး၇ယောက်အမေ မဝါဝါလေးတို့မိသားစုအတွက် အိမ်ဆောက်ပေးနေတဲ့ လက်ရှိအခြေအနေတွေကို အသိပေးပြောပြလာပါတယ်..။

တောင်ဒဂုံမြို့နယ်က ကလေး၇ယောက်အမေမုဆိုးမ မဝါဝါလေးတို့မိသားစုအတွက် ၇ရက်သားသမီးအလှူရှင်တွေ ကူညီလှူဒါန်းမှုတွေနဲ့ အိမ်ဆောက်ပေးနေပြီး နောက်ထပ် အခြေအနေဆိုးတဲ့အိမ်တွေကိုလည်း မိုးရာသီမကျခင် ထပ်မံထောက်ပံ့ကူညီပေးသွားမယ့်အကြောင်းတွေကို ပြောပြထားတာပါ..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"29-4-2021

တောင်ဒဂုံက မုဆိုးမ ကလေး ၇ယောက်အမေ မဝါဝါလေးရဲ့အိမ် ဒီလောက်ပြီးသွားပါပြီ။

သူ့မြေကုန်ဆောက်ရတာကြောင့် အိမ်လေးကတော့ သိပ်မကြီးပါဘူး။

ပျဉ်းကတိုး သစ်မာနဲ့ ဆောက်ပေးထားပါတယ်။

တံခါးလေးတွေ၊ အိမ်သာလေးတွေ၊ လှေကားတွေ ကျန်ပါတယ်။

လှူဒါန်းပေးကြသော စင်ကာပူက မတည်အလှူရှင်မိသားစုနှင့် စင်ကာပူမှ အလှူရှင်များ ၊ အခြား ၇ရက်သားသမီး အလှူရှင်များအား ကျေးဇူးအထူး တင်ရှိပါတယ်။

အိမ်လေးအပြီးသတ်ရင်လည်း ထပ်မံဖော်ပြပေးပါဦးမယ်။

နောက်ထပ် မဝါဝါလေးအိမ်လိုပဲ အခြေအနေဆိုးတဲ့အိမ် လေးတွေကိုလည်း မိုးရာသီမကျခင် ထပ်မံထောက်ပံ့ကူညီပေးသွားပါဦးမယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အခြေအနေတွေကို ပြောပြထားတာပါ..။

ပရိသတ်တွေကလည်း မဝါဝါလေးရဲ့အိမ်လေးကို ကြည့်ပြီး သဘောကျကာ ဝေဠုကျော်တို့ဖောင်ဒေးရှင်းနဲ့အတူ အလှူရှင်တွေကိုလည်း သာဓုခေါ်ကာ ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်w Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T