ကျဆုံးသွားကြတဲ့သူရဲကောင်းတွေအတွက် ကောင်းမှုကုသိုလ်တွေပြုရင်း ဆုတောင်းမေတ္တာတွေ ပို့သပေးနေတဲ့ မမဆောင်း

//s9.kh1.co/ef/efde15d22dc147b3cca41c5937d43542d79ce6f9.jpg
အနုပညာရှင်များ

 ၂၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေအခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်..။

မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဆောင်းအိနြေ္ဒထွန်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်နေတဲ့ ပြည်သူတွေအတွက်လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Saung Eindaray Tun's Fb Acc

မမဆောင်းကတော့ ပြည်သူတွေနဲ့အတူ အမြဲရပ်တည်နေသလို ဒီကနေ့မှာလည်း အိမ်ဘုရားမှာဆွမ်းကပ်ကာ ကောင်းမှုကုသိုလ်တွေပြုရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ဆုတောင်းမေတ္တာတွေ ပို့သထားတာ တွေ့ရပါတယ်..။

ဆွမ်းတွေကိုယ်တိုင်ချက်ပြုတ်ရင်း ဘုရားကပ်ကောင်းမှုပြုကာ ဆုတောင်းစကားတွေဆိုပြီး ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်တွေကိုလည်း သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း အားလုံးကို ဝေမျှထားပါသေးတယ်..။

Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc

"မမဆောင်း လက်ရာ ဆွမ်း,ဟင်း ,ကျောက်ကျော ,မော်လမြိုင်မုန့် ကုသိုလ်လေးတွေ ???

ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏

? ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏

? သံဃံ သံဃာတော်မြတ်တို့ကိုပူဇေမိ ပူဇော်ပါ၏

? မာတာပီတု မိဘတို့ကို ပူဇေမိပူဇော်ပါ၏

? အာစရိယ ဆရာသမားတို့ကို ပူဇေမိပူဇော်ပါ၏

သက်ရှိထင်ရှားမြတ်ဘုရားအားကပ်လှုပါ၏???

နေ့စဉ် ပဌာန်းအရှည် ရွတ်ဖတ်ပူဇော်?

ချစ်တဲ့သူ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့

သာဓု သာဓု သာဓု ???

ကျရှုံးသွားတဲ့ သူတော်ကောင်းများအားလည်း အမျှပေးဝေပါတယ်ရှင့်???

ယခုပြုရသောကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန် သို့ ရောက်ရပါလို၏ အရှင်ဘုရား ?

မမဆောင်း တစ်ယောက် လူသား အားလုံးအပေါ် ကာယကံ,ဝစီကံ,မနောကံဖြင့် ပြစ်မှားမိခဲ့လျှင် ခွင့်လွှတ်ပါရှင့်?

မမဆောင်း အပေါ်မှာလည်း လူသားအားလုံး ပြစ်မှားခဲ့လျှင် ကျွန်မ မမဆောင်း က ခွင့်လွှတ်ပါတယ်ရှင့် ?

ကောင်းသောအတိတ်

ကောင်းသော နမိတ်

ကောင်းသော စကား တို့ကိုသာ

မြင်ရ ကြားရပြောရပါစေသား???.." ဆိုပြီး ဆုတောင်းစကားဆိုရင်း ဝေမျှထားတာပါ..။

ပရိသတ်တွေကလည်း ကောင်းမှုကုသိုလ်တွေပြုရင်း ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက် သတိတရနဲ့ဆုတောင်းပေးထားတဲ့ မမဆောင်းကို အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc
Photo Credit - Saung Eindaray Tun's Fb Acc

သတင်း အရင်းအမြစ်Saung Eindaray Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T