အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပြောမနေကြဘဲ လိုချင်တဲ့ ပန်းတိုင်ရောက်အောင်သာ ကြိုးစားသင့်ကြောင်း ပြောလာတဲ့ အိစိကွေး

//s9.kh1.co/93/934e6715605894e7d647592806aa89c375c0c752.jpeg
အနုပညာရှင်များ

 ၂၉-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးသရုပ်ဆောင် ဘဝဖြင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူကတော့  အိစိကွေးပဲ  ဖြစ်ပါတယ်။  သူ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း  ကာရိုက်တာမျိုးစုံကို အပိုလိုမရှိ ကွက်တိကျအောင်  သရုပ်ဆောင်နိုင်သူလည်း  ဖြစ်ပါတယ်။   ဒါ့အပြင်  အဆိုဘက်တွင် ပါရမီရှိသူ တစ်ယောက်ဖြစ်ပြီး   သူသီဆိုတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေထံ ဝေမျှပေးနေတာ  ဖြစ်ပါတယ်။ မကြာသေးခင်  ရက်ပိုင်းလောက်ကလည်း  စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ နယ်မြို့က ပြည်သူတစ်ချို့ထံ  စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့တာ  ဖြစ်ပါတယ်။  

Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 

 မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွအား Speak Out မလုပ်ခဲ့တာကြောင့် အောင်လအန်ဆန်အားပရိသတ်တစ်ချို့က ဝေဖန်နေကြတာပါ။ ဒီမနက်ပိုင်းတွင် ကျင်းပခဲ့တဲ့ Light Heavyweight ချန်ပီယံကာကွယ်ပွဲတွင်အောင်လအန်ဆန်တစ်ယောက် ရှုံနိမ့်ခဲ့တာကြောင့် အပြစ်တင်နေကြတာနဲ့ ပတ်သက်ပြီး  မကြာသေးခင်နာရီပိုင်းလောက်က အိစိကွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူ့ရဲ့ထင်မြင်ယူဆချက်တွေကို  ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။

Photo Crd-Ei Si Kway’s Instagram  Account 
Photo Crd-Ei Si Kway’s Instagram  Account 
Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 

" စာတော့နည်းနည်းရှည်မယ် ဖတ်ကြည့်ပါ

အောင်လက Speak out မလုပ်လို့တို့

ဒီလိုအချိန်မှာ နိင်ငံကိုယ်စားပြုပြီးပြိုင်လို့တို့

ရှုံးလို့တို့ ဆိုပြီး ဆဲကြတယ်

သူ speak out လုပ်ပေးတာပဲ

တကယ်ဆို တိုင်းရင်းသားတွေက ကိုယ်တွေထက်စောပြီး ရာစုနှစ်စာ ဒီဒဏ်တွေကို ခံစားခဲ့ရတာ ပါ 

သူတို့ဆို မိန်းကလေးကအစ တောထဲဝင် လက်နက်ကိုင်ခဲ့ကြတာ

အရင်ကဆို တိုင်းရင်းသားတစ်ချို့ က ဗမာတွေကို အတူတူထင်ပြီး မုန်းခဲ့ကြတယ် 

နောက်ပိုင်းမှ ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်မှ ဒီအမုန်းတရားတွေ ပျောက်သွားခဲ့ကြတာ ဒါတောင် ယုံကြည်မှုတွေ ပြန်တည်ဆောက်ရဦးမယ်

အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့  ယုံကြည်မှုတည်ဆောက်ရမယ့်အချိန် ဗျ တိုင်းရင်းသားတွေရဲ့ အကူအညီတွေအများကြီးလိုတယ်

အချင်းချင်းတွေ မဆဲကြရအောင်ဗျာ 

အကုန်လုံးက ဒီမြေမှာ မွေး ဒီရေကိုပဲ သောက်ကြရတာ သွေးချင်းညီအစ်ကိုတွေပါပဲ

မင်းဆရာကြီးလား မေးရင် ကျွန်တော် အိစိကွေး ဆရာကြီး မဟုတ်ဘူး အခုကာလမှာ ကိုယ်တိုင် တိုင်းရင်းသားတွေရဲ့ ရင်ထဲက စကားကို ကြားခဲ့ရလို့ပါ

Brazil မှာ Democracy မရခင်က 

ဘောလုံးသမား Pele လည်း ကိုယ်စားပြုကစားပြီး နိင်ငံတကာရဲ့ attention ကို ရယူပြီး Brazil ပြည်သူတွေ အတွက်အားတစ်ခု ဖြစ်ခဲ့တယ်

အဲ့တော့ အောင်လလည်း သူတတ်နိင်သလောက် လုပ်ပေးနေတာလို့ မြင်ပေးရအောင်ဗျာ

ဘာပဲဖြစ်ဖြစ်ဗျာ လိုချင်တဲ့ Goal ကတစ်ခုတည်းပဲ

အချင်းချင်းစည်းလုံးရအောင်ဗျာ " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။  ဒီအချိန်ဟာ ​အားလုံးအတွက်  အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့်  အားလုံးစည်းလုံး ညီညွတ်မှသာ  လိုချင်တဲ့  ပန်းတိုင်ကို  အမြန်ဆုံး ရောက်ရှိလာမှာ  ဖြစ်ပါတယ်။  အရေးတော်ပုံကြီး အောင်မြင်သွားတဲ့အခါ   တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက်လိုအပ်တဲ့အရာများကို ကူညီဖြည့်ဆည်းပေးသွားကြဖို့လည်း လိုအပ်ပါတယ်နော်။

Source and Photo Crd-Ei Si Kway’s Facebook and Instagram  Account 

Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 
Photo Crd-Ei Si Kway’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T