စာရွက်ကပ် Campaign မှာပါဝင်လှုပ်ရှားပြီး လမ်းပေါ်ထွက်ကာ သူတို့ရဲ့ရဲရင့်မှုကို သက်သေပြခဲ့ကြတဲ့ အင်းစိန်မြို့နယ်က လူငယ်တွေရဲ့ပုံရိပ်များ

//s9.kh1.co/ce/ce52bf70fce3d46ccced0fba9a2d179c3ba27119.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

စာရွက်ကပ် Campaign မှာပါဝင်လှုပ်ရှားပြီး လမ်းပေါ်ထွက်ကာ သူတို့ရဲ့ရဲရင့်မှုကို သက်သေပြခဲ့ကြတဲ့ အင်းစိန်မြို့နယ်က လူငယ်တွေရဲ့ပုံရိပ်များ

ဖေဖော်ဝါရီလကစပြီး ယနေ့ ဧပြီလ (၂၉)ရက်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံအတွင်းမှာ ကျဆုံးသူ စုစုပေါင်း (၇၀၀) ကျော်တောင်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ တစ်ဖက်မှာဆိုရင်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေ တဖြည်းဖြည်းနဲ့ များပြားလာပြီဖြစ်ပေမယ့်လည်း လူထုလှုပ်ရှားမှုပွဲတွေကတော့ နေ့စဥ်နဲ့အမျှ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ရပ်တည်ချက်ခိုင်မာစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေတဲ့ လူငယ်တွေက ပြည်သူလူထုကို ရှေ့ဆုံးကနေ ဦးဆောင်နေကြတာ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်တွေကတော့ ပြည်သူတွေ အားမလျှော့သွားစေဖို့အတွက် အမြဲတမ်း စိတ်ခွန်အားပေးနေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြပြီး နိုင်ငံတကာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုပါ ရရှိအောင် စွမ်းဆောင်နေကြတာပဲ ဖြစ်ပါတယ် ။ အခုလည်း အင်းစိန်မြို့နယ်မှာရှိတဲ့ လူငယ်တစ်ချို့က စာရွက် ကပ် Campaign မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားပြီး သူတို့ရဲ့ရဲရင့်မှုကို သက်သေပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ခြောက်တိုင်းမကြောက်ဘူးလို့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေကတော့ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ရေးသားဖော်ပြထားတဲ့ စာရွက်တွေကို နေရာအနှံ့မှာ လိုက်ကပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ အဲ့ဒီလူငယ်တွေထဲက အမျိုးသမီးငယ်တစ်ယောက်ရဲ့ပုံရိပ်တစ်ခုကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ ပုံထဲမှာတော့ အမျိုးသမီးငယ်လေးက ကားလမ်းမပေါ်မှာ ဖြတ်သန်းသွားတဲ့အချုပ်ကားကို လက်သုံးချောင်ထောင်ပြပြီး ဆန္ဒဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source & Photo Credit-Original Uploader

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T