အမှန်တရားဘက်မှ ရပ်တည်ကြသူများအနေဖြင့် ကိုယ်ရွေးချယ်ထားသောလမ်းကို အဆုံးထိလျှောက်သင့်ကြောင်း ပြောပြလာတဲ့ မေဦး

//s9.kh1.co/ee/ee205bb241d707bf96ccc92137fee64984cb6ceb.jpeg
အနုပညာရှင်များ

 ၃၀-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့  မေဦးကတော့  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်ကနေ  တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့တဲ့ မေဦးကို ပရိသတ်တွေက လေးစားအားကျနေကြတာ  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ကာ  ရင်ထဲကဆန္ဒအမှန်တရားတွေကို ထုတ်ဖော်ပြသခဲ့တဲ့ မေဦးအား ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံခဲ့ရတာပါ။ 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

မေဦးဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့်  ဘေးကင်းလုံခြုံရာနေရာမှာ ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။  လူထူလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်တော့ပေမယ့်လည်း  သူ့ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် speak out လုပ်ပေးနေတာ  ဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်မှာရှိတဲ့ Free Burma Rangers အဖွဲ့သို့ ဝင်ရောက်ပြီး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတာကြောင့်  ပရိသတ်များက ကျေနပ်အားရနေကြတာပါ။ ယုံကြည်ချက်နဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ မေဦးရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာပါပဲနော်။ အခုမှာလည်း အမှန်တရားဘက်မှ ရပ်တည်ကြသူများအနေဖြင့် ကိုယ်ရွေးချယ်ထားသောလမ်းကို အဆုံးထိလျှောက်သင့်ကြောင်း ပြောပြလာပြန်တာပဲ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

" ကျွန်တော်တို့ ကိုယ့်ဘဝကို

အဆုံးရှုံးမခံပါဘူး

အနစ်နာလည်းမခံပါဘူး 

စွန့်လွှတ်မှုလည်းမလုပ်ပါဘူး

ကျွန်တော် ရွေးချယ်တာပါ

ကျွန်တော် ကိုယ့်လမ်းကိုယ်ဖောက်တာပါ

ဒါကြောင့် အမှန်တရားဘက်တော်သားများ

မှန်ကန်သောလမ်းကိုရွေးချယ်ပါ 

ရွေးချယ်ထားသောလမ်းကိုအဆုံးထိလျှောက်ပါ 

#mayoomagic " ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မှန်ကန်တဲ့ရွေးချယ်မှုတွေကို အမြန်ဆုံးဆုံးဖြတ်ချက်ချနိုင်ပါစေလို့ ဆုတောင်းပေးရင်း  ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-May Oo’s Facebook Account 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T