လအတော်ကြာ အလုပ်မလုပ်ဖြစ်တာကြောင့်ကျန်းမာရေးအခြေအနေအတွက် ဆေးကုသဖို့အကူအညီတောင်းခံလာတဲ့ Riderတစ်ဦး

//s9.kh1.co/55/55ae968863eae4b433c4e54d1cf3c5566bb65456.jpeg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လအတော်ကြာ အလုပ်မလုပ်ဖြစ်တာကြောင့်ကျန်းမာရေးအခြေအနေအတွက် ဆေးကုသဖို့အကူအညီတောင်းခံလာတဲ့ Riderတစ်ဦး

အခုချိန်မှာဆိုရင် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ခက်ခဲနေကြတဲ့ တချို့ပြည်သူတွေကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အကူအညီတောင်းခံကြတာကိုတွေ့နေရတာဖြစ်ပါတယ်။စေတနာရှင်တွေကလည်း ဒုက္ခရောက်နေတဲ့ဘယ်သူ့ကိုမဆို မေတ္တာတရားရှေ့ထားပြီး တတ်နိုင်သလောက်ကူညီပေးကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ပြည်သူအချင်းချင်းကသာ ဖေးမကူညီကြပြီး ကြုံတွေ့နေရတဲ့ အခက်အခဲမှန်သမျှကို အတူတူမျှဝေခံစားနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း စက်ဘီးလေးနဲ့ အစားအသောက်ပို့ပေးတဲ့ဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ Riderတစ်ဦးကကျန်းမာရေးအခြေအနေကြောင့် အလုပ်မလုပ်ရတာ လအတော်ကြာနေပြီဖြစ်ပါတယ်။Riderရဲ့ နာမည်က ဦးထွန်းမင်းလတ်ဖြစ်ပြီး အသက်က(၄၈)နှစ်အရွယ်ဖြစ်ပါတယ်။ဦးထွန်းမင်းလတ်က အသည်းခြောက်ပြီး ရေဖြင်းဆွဲတဲ့ရောဂါဝေဒနာကိုခံစားနေရတာဖြစ်လို့ ဆေးကုသဖို့ လိုအပ်နေတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာအကူအညီတောင်းခံလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဝမ်းရေးအတွက်မနည်းရုန်းကန်နေရတဲ့အပြင် ကျန်းမာရေးလည်းမကောင်းတဲ့ ဦးထွန်းမင်းလတ်ကို တချို့ပြည်သူတွေကလည်း တတ်နိုင်သလောက်ကူညီနေကြတာဖြစ်ပါတယ်။ဦးထွန်းမင်းလတ်က ဆေးခန်းပြထားတဲ့ ဆေးစာရွက်တွေကိုလည်း WiFi ရချိန်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်တင်ပေးလာတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတွေလည်း ဦးထွန်းမင်းလတ်ကိုကူညီချင်တယ်ဆိုရင်တော့ (09762298881)ကို ဆက်သွယ်ပြီးလှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T