သားလေးမရှိတော့တာ တစ်လပြည့်သွားပြီဖြစ်ပေမယ့် နေ့တိုင်းသတိရပြီး ဝမ်းနည်းပူဆွေးနေရတဲ့ ဒေါက်တာသီဟတင်ထွန်းရဲ့ ကျန်ရစ်သူမိသားစု

//s9.kh1.co/1e/1e4ce30d3bad9560b7c89bf257800bbb6ca6498b.jpeg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သားလေးမရှိတော့တာ တစ်လပြည့်သွားပြီဖြစ်ပေမယ့် နေ့တိုင်းသတိရပြီး ဝမ်းနည်းပူဆွေးနေရတဲ့ ဒေါက်တာသီဟတင်ထွန်းရဲ့ ကျန်ရစ်သူမိသားစု

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အယောက်(၇၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေမှာတော့ နေ့တိုင်းဝမ်းနည်းပူဆွေးနေရတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း ကျဆုံးသူတွေရဲ့မိသားစုတွေကို အားပေးစကားပြောပေးကြပြီး ထပ်တူထပ်မျှဝမ်းနည်းနေကြတာဖြစ်ပါတယ်။(၂၇.၃.၂၀၂၁)ရက်နေ့ကဆိုရင် ပညာတတ်လူငယ်လေးဖြစ်တဲ့ဒေါက်တာသီဟတင်ထွန်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒေါက်တာသီဟတင်ထွန်းကတော့ အသက်ကိုစွန့်လွှတ်ပြီး ပြည်သူလူထုနဲ့အတူပါဝင်အားဖြည့်ပေးနေတာကြောင့်သေတမ်းစာကိုလည်း ကြိုတင်ရေးသားထားခဲ့တာဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းရဲ့မိခင်ခမျာ သားလေးအတွက်ဂုဏ်ယူလိုက်၊ပူဆွေးလိုက်နဲ့ သောကများနေရတာဖြစ်ပါတယ်။သားလေးမရှိတော့တာ တစ်လပြည့်သွားပြီဖြစ်တာကြောင့် မိခင်ဖြစ်သူက အံကိုကြိတ်ပြီး လောကဓံကို ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်းကျဆုံးသူရဲကောင်းတွေအတွက်ပါ လူထုလှုပ်ရှားမှုတွေကို ပိုကြိုးစားပြီးလုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုချိန်မှာဆိုရင် မိဘတွေကလည်း ဘာနဲ့မှပြန်အစားထိုးလို့မရနိုင်တဲ့ မိမိတို့ရဲ့သားသမီးလေးတွေနဲ့ ခွဲခွါခဲ့ရတာကြောင့် နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။ဒေါက်တာသီဟတင်ထွန်းရဲ့ ကျန်ရစ်သူမိသားစုကလည်း “ငါတို့သားကခေတ်ပညာတတ်လူငယ်ဆရာဝန်လေး”ဆိုပြီးဂုဏ်ယူလိုက်ရတဲ့အချိန်ဟာဘယ်လောက်မှမကြာလိုက်ရဘဲဆုံးရှုံးလိုက်ရတာကြောင့် ဝမ်းနည်းပူဆွေးတဲ့အပြင် ခံပြင်းနာကျည်းနေကြတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုကသားဆရာဝန်လေးကိုသတိရစိတ်နဲ့ စာလေးတွေချရေးထားပြီး ပူဆွေးနေကြတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T