လက်ရှိအခြေအနေမှာတော့ လူတိုင်းနီးပါး ကျပ်တည်းနေကြတာဖြစ်ပြီး ခိုးကိုးရာမဲ့နေတဲ့သက်ကြီးရွယ်အိုတွေလည်း ပင်ပင်ပန်းပန်းနဲ့ရပ်တည်နေရတာဖြစ်ပါတယ်။သနားကြင်နာစိတ်အပြည့်ရှိကြတဲ့ ပြည်သူတွေက ရုန်းကန်နေရတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတွေကို တွေ့တဲ့အခါ ဂရုဏာထားပြီး စောင့်ရှာက်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အဘွားတစ်ယောက်က နေစရာအိမ်မရှိဘဲ လမ်းဘေးမှာရပ်ထားတဲ့ တွန်းလှည်းပေါ်မှာသာ နေထိုင်နေရတာ ဖြစ်ပါတယ်။
အဘွားက သားသမီးငါးယောက်ကိုမွေးဖွားခဲ့ပေမယ့် လေးယောက်ကဆုံးပါးသွားပြီး သားအငယ်ဆုံးသာကျန်ရှိနေတာဖြစ်ပါတယ်။သားအငယ်ဆုံးက ဆိုက်ကားနင်းပေမယ့် အဘွားကို ရပ်ကွက်ကကျွေးမွေးပြီး တတ်နိုင်သလောက်ကြည့်ရှု့ပေးကြတာဖြစ်ပါတယ်။အဘွားနေထိုင်နေတဲ့နေရာက မိုးမလုံ၊လေမလုံတဲ့အပြင် နေ့ဘက်တွေတောင်ခြင်အရမ်းကိုက်တာဖြစ်ပါတယ်။ပရဟိတအဖွဲ့တစ်ဖွဲ့ကလည်း အဘွားကို ဘိုးဘွားရိပ်သာပို့ဖို့စီစဉ်ခဲ့ပေမယ့် သားအငယ်ဆုံးကိုမခွဲလို့ အဘွားကငြင်းခဲ့တာဖြစ်ပါတယ်။
အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက အဘွားရဲ့ဒုက္ခအခက်အခဲတွေကို မကြည့်ရက်လို့ တခြားနေရာပြောင်းဖို့ပြောပေမယ့် အဘွားက ဒီရပ်ကွက်ကိုသံယောဇဉ်ဖြစ်လို့ မပြောင်းချင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။အဘွားအတွက် နေရာလေးတစ်နေရာလောက် စီစဉ်ပေးဖို့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြည်သူတစ်ဦးက အကူအညီတောင်းခံလာတာဖြစ်ပါတယ်။စေတနာရှင်တွေလည်း အဘွားအဆင်ပြေပြေနေရအောင်လို့ ကူညီချင်တယ်ဆိုရင်တော့ (09444482883)ကို ဆက်သွယ်မေးမြန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder