ကျည်ထိမှန်ပြီးကျဆုံးခဲ့ရတဲ့ ပထမနှစ်ကျောင်းသားလေးရဲ့စျာပနပွဲကို ဝမ်းနည်းကြေကွဲစွာ တက်ရောက်ခဲ့ကြတဲ့ တီးတိန်မြို့က ပြည်သူများ

//s9.kh1.co/3f/3f641441532b46b818cd5e787f3943e529cd58f7.jpg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကျည်ထိမှန်ပြီးကျဆုံးခဲ့ရတဲ့ ပထမနှစ်ကျောင်းသားလေးရဲ့စျာပနပွဲကို ဝမ်းနည်းကြေကွဲစွာ တက်ရောက်ခဲ့ကြတဲ့ တီးတိန်မြို့ကပြည်သူများ

အခုချိန်မှာတော့ ပြည်သူတွေက လူထုလှုပ်ရှားမှု ပြုလုပ်နေကြပေမယ့်လည်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ကျဆုံးသူပေါင်း (၇၀၀) ကျော်ရှိလာခဲ့ပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အသက်ပေးခဲ့ရတဲ့သူတွေအတွက် နောက်မဆုတ်တမ်း ကြိုးစားပေးကြဖို့ကို ဆုံးဖြတ်ထားကြတာလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့မှာ လူငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီလူငယ်လေးကတော့ ကလေးတက္ကသိုလ်မှာ သမိုင်းမေဂျာအထူးပြု တက်ရောက်နေတဲ့ ပထမနှစ်ကျောင်းသား ထန်မွမ်းလျန်းပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ သူရဲကောင်း ထန်မွန်းလျန်းက ဓာတ်ဆီဆိုင်မှာ ညစောင့်ဖို့အတွက် ဆိုင်ကယ်နဲ့သွားရောက်တဲ့အချိန်မှာပဲ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အသက်ငယ်ငယ်လေးနဲ့ ကြွေလွင့်သွားခဲ့ရတဲ့ ထန်မွမ်းလျန်းအတွက် သူ့ရဲ့သူငယ်ချင်း၊မိတ်ဆွေတွေအပြင် တီးတိန်မြို့နယ်ရှိ ပြည်သူတွေအားလုံးကလည်း စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ထန်မွမ်းလျန်းရဲ့စျာပနပွဲကိုတော့ ပြီးခဲ့တဲ့ ဧပြီလ (၂၉) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူတွေအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မိုးထဲလေထဲမှာတောင် ကျဆုံးသွားတဲ့ သူရဲကောင်းလေးကို ဂုဏ်ပြုပေးဖို့အတွက် လာရောက်ခဲ့ကြတဲ့ ပြည်သူတွေကလည်း ဝမ်းနည်းကြေကွဲခြင်းများစွာနဲ့ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ကျဆုံးခဲ့တဲ့ လူငယ်တစ်ဦးရဲ့နောက်ဆုံးခရီးက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T