အရမ်းစည်းကမ်းရှိပြီး လေးစားအတုယူချင်စရာကောင်းတဲ့ ချင်းတိုင်းရင်းသားတွေရဲ့စိတ်ဓာတ်အကြောင်းကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/dd/ddb352fd035ccc68a5bbd7508b6a2660ee5e0454.jpg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းစည်းကမ်းရှိပြီး လေးစားအတုယူချင်စရာကောင်းတဲ့ ချင်းတိုင်းရင်းသားတွေရဲ့စိတ်ဓာတ်အကြောင်း ပြောပြလာတဲ့ ပြည်သူတစ်ဦး

လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ အတော်လေးပျံ့နှံပြီး ရေပန်းစား လူကြည့်များနေတဲ့ အကြောင်းအရာတစ်ခုကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ချင်းတိုင်းရင်းသားတွေရဲ့ စည်းကမ်းရှိပုံအကြောင်းကို ရေးသားပြောပြထားတဲ့ Post တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီ Post က အခုရက်ပိုင်း Facebook စာမျက်နှာထက်မှာ ဖတ်ရှုသူများပြားနေသလို မျှဝေသူတွေလည်း များစွာရရှိထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

စာထဲမှာတော့ ပထမဆုံးအနေနဲ့ ချင်းတောင်မှာ အရွယ်ရောက်ပြီးသား ယောက်ျားတစ်သိန်းခွဲရှိရင် တစ်သိန်းလောက်က သေနတ်ပစ်တတ်ကြပေမယ့် ချင်းတိုင်းရင်းသားတွေက စည်းကမ်းရှိကြကြောင်း ပြောထားတာဖြစ်ပါတယ် ။ ရန်ဖြစ်တဲ့အခါမှာလည်း ချင်းတိုင်းရင်းသားတွေက ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူတို့ရဲ့အိမ်က သေနတ်ကိုယူပြီး မပစ်ကြဘဲ လက်သီးထိုး၊ နပန်းလုံးတာလောက်ပဲ ပြုလုပ်ကြကြောင်း စကားဆိုထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့်လည်း အိမ်တိုင်းမှာသေနတ်ရှိတဲ့ ချင်းတောင်မှာ လူသတ်မှုအရမ်းရှားပါးကြောင်း သူက ရေးသားထားတာပဲ ဖြစ်ပါတယ် ။ ဒီလိုမျိုးကို တရားမျှတမှုရှိပြီး သစ္စာရှိတာလို့ ခေါ်သလို ဒေသအခေါ်အရ ယောက်ျားပီသတယ်လို့လည်း ခေါ်ကြကြောင်း ပြောထားပါသေးတယ်။ ချင်းတောင်မှာနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေရဲ့ လေးစားအတုယူဖွယ်ကောင်းတဲ့ စိတ်ဓာတ်နဲ့ စည်းကမ်းရှိပုံအကြောင်း ပြောပြထားတဲ့ ပြည်သူတစ်ဦးရဲ့စာကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ လူအများရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T