အခက်အခဲတွေနဲ့လမ်းဘေးမှာနေ နေတဲ့ အန်တီကြီးအတွက် အိမ်ဌားပေးပြီး အရင်းအနှီးငွေတွေ ကူညီလှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/6f/6fc385f57a8c91ea6f282d23beb69b5b987c47c5.jpg
အနုပညာရှင်များ

 ၃၀-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာရိုက်ကူးထားပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို လိုအပ်နေသူတွေအတွက် ကူညီပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း အခက်အခဲတွေနဲ့လမ်းဘေးမှာနေ နေရတဲ့ အန်တီကြီးအတွက် နေထိုင်ဖို့ အိမ်ဌားပေးခဲ့တဲ့အပြင် လိုအပ်နေတဲ့အရင်းအနှီးငွေတွေလည်း ကူညီလှူဒါန်းလိုက်တာ တွေ့ရပါတယ်..။

အရမ်းအခက်အခဲဖြစ်နေတဲ့အချိန် အခုလိုကူညီပေးခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာရတဲ့အကြောင်းတွေကို အန်တီကြီး ငိုပြောပြီး သူမအတွက်လည်း ဆုတွေလည်း အများကြီးပေးလိုက်တာတွေကိုလည်း ခိုင်နှင်းဝေက ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"အမေကြီး အတွက် အိမ်ဌား စာချုပ်လေး ချုပ်ပေးပြီး လိုအပ်နေတဲ့ အရင်းအနှီးအား စီစဉ် လှူဒါန်းပေးဖြစ်ခဲ့ပါတယ်.. အမေကြီးမှ အခက်အခဲဖြစ်နေချိန်တွေ မှာ ကျွန်မ ကို အိမ်မက် ၄ ခါ မက်တဲ့ အကြောင်း ခုလို လမ်းဘေးနေနေရတဲ့ ဒုက္ခ ကင်းဝေးရ၍ အရမ်းဝမ်းသာကြောင်းတွေ ငိုပြောပြီး ဆုတွေ အများကြီး ပေးလိုက်ပါတယ်..ကျွန်မနှင့် အတူ ကုသိုလ်ရေစက်ဆုံသည့် ခုနစ်ရက် သားသမီး အလှုရှင်များအားလုံးလည်း ထပ်တူ သာဓုခေါ်နိုင်ကြပါစေရှင်..???.." ဆိုပြီး မျှဝေထားတာပါ..။

လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်ဖေးမကူညီတတ်တဲ့ ခိုင်နှင်းဝေရဲ့ စေတနာနဲ့ စိတ်သဘောထားတွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျကာ ချီးကျူးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T