တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာတဲ့ ရန်ကုန်မြို့တွင်းက ဆန္ဒထုတ်ဖော်မှုများ

//s9.kh1.co/37/373edc5dfa3e7a5a81182c7965e961fb7fc0119e.jpg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ မှာတော့ ရန်ကုန်မြို့လယ်ခေါင်မှာ ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေ ထွက်ရှိခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့

ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေက GenZ လူငယ်တွေပါဝင်ခဲ့ပြီး မိုးတွေရွာနေတဲ့ကြားကနေ ရအောင်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=512,q=100/bc/bc6d049bdbd91847af546ff593f2ee4ff7ab57c2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/b4/b4df93e72ba8ba4a14712c401e82e5bcd77f4768.jpg

လူငယ်တွေဟာ သည်းထန်စွာရွာသွန်းနေတဲ့ မိုးစက်တွေအောက်မှာ ကြွေးကျော်သံတွေကို သံပြိုင်ဟစ်ကြွေးခဲ့ပြီး လူထုဆန္ဒကိုရအောင်ဖော်ထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် စစ်ကြောင်းစပြီးခဏ အကြာမှာပဲ ဖြိုခွဲခံခဲ့ရသလို လူအနည်းငယ် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=477,q=100/cc/ccd30628739bfe77ff8bbf5dd8a7872fb0d796f8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/b4/b4df93e72ba8ba4a14712c401e82e5bcd77f4768.jpg

ဒီကနေ့ တောင်ဒဂုံမြို့နယ်မှာထွက်ရှိတဲ့ သပိတ်စစ်ကြောင်းကလည်း ဖြိုခွဲခံခဲ့ရတယ်ဆိုပေမယ့်

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ ပြောက်ကျားသပိတ်တွေထွက်ရှိခဲ့ပြီး တစ်နေ့ထက်တစ်နေ့ပိုအားကောင်းလာတာ တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးက မြို့နယ်တော်တော်များများမှာလည်း ဖြိုခွဲဖမ်းဆီးခံနေရတဲ့ကြားထဲက ဆန္ဒထုတ်ဖော်မှုတွေ ပိုမိုအားကောင်းလာတာက လူငယ်တွေအတွက် အားတက်စရာတစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=617,q=100/cd/cd63d9c3ebca212097ed9d7f61e042fe49fb83af.jpg
https://s9.kh1.co/__image/w=650,h=488,q=100/b3/b363fc1b0e5324fe0b38ebe3186d03484df55745.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T