ဒီကနေ့မနက်ပိုင်း ရွှေပြည်သာမှာ လူငယ်အချို့ ဆင်တူ အင်္ကျီတွေနဲ့ ဆန္ဒထုတ်ဖော်

//s9.kh1.co/27/273ddb84b587b2dfd56869d7ddd802181374eddc.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အထွေထွေသပိတ်တွေ ပြန်လည်အားကောင်းလာတဲ့အချိန်ကစပြီး ရန်ကုန်မြို့အတွင်းမှာလည်း လူငယ်တွေဟာ အမျိုးမျိုးသောပုံစံတွေနဲ့ နေ့တိုင်း ဆန္ဒထုတ်ဖော်လာကြပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့မနက်ပိုင်းမှာဆိုရင်လည်း ရွှေပြည်သာ မြို့နယ်ကလူငယ်အချို့ဟာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=300,q=100/5f/5faaf3b27b1ddf2508ae6a564179315076ea4340.jpg

၁၂ ယောက်ဝန်းကျင်လောက်ရှိတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ဟာအင်္ကျီ ဆင်တူတွေဝတ်ဆင်ထားပြီး လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို တွေ့ရပါတယ်။

ဆန္ဒထုတ်ဖော်တိုင်း ဖြိုခွဲခံနေရပေမယ့် ကြောက်ခေတ်ကိုမှောက်ပစ်ပြီး လမ်းပေါ်ထွက်လာတဲ့ လူငယ်တွေရဲ့ သတ္တိကတော့ လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=650,h=300,q=100/10/107b8361b5eea17b90475822e20c3a77ed8b8c6f.jpg
https://s9.kh1.co/__image/w=650,h=300,q=100/67/67d0e6e47fba2d4f59ea3a82094709ef9e75971f.jpg

ဒီကနေ့မနက်ပိုင်းမှာလည်း မြန်မာနိုင်ငံအတွင်းက မြို့နယ်တော်တော်များများမှာ အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေကြတာကိုလည်း တွေ့ရပါတယ်။

မနေ့ကတော့ ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေ ဖမ်းဆီးခံရတာတွေရှိခဲ့ပေမယ့် ဒီကနေ့မနက်မှာတော့ ဖမ်းဆီးခံရသူမရှိသေးဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=300,q=100/cd/cd0312fad5b2674216091b3216d8d563545e9340.jpg
https://s9.kh1.co/__image/w=650,h=300,q=100/be/be1a6d19d03637acc67d25547e2a147fe444b9fc.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T