မေလ ၁ ရက်နေ့မနက်ပိုင်း မန္တလေးမြို့အတွင်းက ဆန္ဒထုတ်ဖော်မှုများ

//s9.kh1.co/a4/a48d5f4ea11bd8475a4f372c6ebfc35711afcdfb.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့နယ်အတွင်းမှာ ကျောင်းသားတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခု လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့ ကျောင်းသားတွေအပြင် GenZ လူငယ်တွေနဲ့ ပြည်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/e4/e4b4e7d991626e2e5fd492113e9de28aac63a4e1.jpg
https://s9.kh1.co/__image/w=650,h=433,q=100/8e/8e7d4764596a8694a4c9417c5a15e0e521e7eefb.jpg

ဒီသပိတ်စစ်ကြောင်းဟာ စစ်ကြောင်းစချီထဲက ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပြီး လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဟစ်ကြွေးခဲ့တဲ့ ကြွေးကြော်သံတွေထဲမှာလည်း စစ်ကျွန်ပညာရေးကို မလိုမရှိကြောင်းကို ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/96/96b843d0c774f245a8e78f4fbf34c5bfc3959bab.jpg
https://s9.kh1.co/__image/w=650,h=433,q=100/9c/9c8d1bf3e93b7927f7f4b343f649ea28d41a80b6.jpg

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့အတွင်းမှာ တပ်ပေါင်းစု သပိတ်စစ်ကြောင်းပါ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

တပ်ပေါင်းစု သပိတ်စစ်ကြောင်းအတွင်းမှာတော့ ပညာရေးမိသားစု သပိတ်စစ်ကြောင်း ၊ တက္ကသိုလ် ဆရာ၊မ များ ဝန်ထမ်းများ သပိတ်စစ်ကြောင်း ၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်းနဲ့ အခြားသော သပိတ်စစ်ကြောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/a8/a823b0f67f5680e93fcaa6d6c116111cde359e1e.jpg
https://s9.kh1.co/__image/w=650,h=488,q=100/86/86740f96da8c72eafe4f3de91773647ae272ee19.jpg
https://s9.kh1.co/__image/w=650,h=488,q=100/17/1778ce681963101499ffc627e58685f82ee50969.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f6/f6daf72cd2658cfeff26687f9a19248c8547dba9.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T