ကူလီထမ်းပြီး ရှာကျွေးနေတဲ့သားလေးက ဆုံးပါးသွားတာကြောင့် တစ်ယောက်တည်းကျန်ခဲ့ကာ အားကိုးမဲ့နေရှာတဲ့ အဘွားအိုတစ်ဦး

//s9.kh1.co/01/0137050500182cf1d39a048e6be8533595aeb41e.jpeg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကူလီထမ်းပြီး ရှာကျွေးနေတဲ့သားလေးက ဆုံးပါးသွားတာကြောင့် တစ်ယောက်တည်းကျန်ခဲ့ကာ အားကိုးမဲ့နေရှာတဲ့ အဘွားအိုတစ်ဦး

မေတ္တာ၊ဂရုဏာတရား ကြီးမားကြတဲ့ ပြည်သူတွေကတော့ တခြားသူရဲ့ ဒုက္ခအခက်အခဲတွေကို ကိုယ်ချင်းစာနာပြီးမျှဝေခံစားပေးနေကြတာပဲ ဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် ပြည်သူမှာ ပြည်သူပဲရှိတာကြောင့် ဘယ်သူ့ကိုမှပစ်မထားကြဘဲ မိမိရဲ့မိသားစုဝင်လိုမျိုး ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။မြန်မာပြည်အနှံ့အပြားမှာဒုက္ခရောက်နေကြတဲ့သူတွေရှိကြတာကြောင့် စေတနာရှင်တွေက သဒ္ဓါတရားထက်သန်စွာနဲ့လက်လှမ်းမှီသလောက်လှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ အမရပူရမြို့မှာနေထိုင်တဲ့ အသက်(၇၂)နှစ်အရွယ် အဘွားတစ်ယောက်က စိတ်သိပ်မနှံ့တဲ့အပြင်တစ်ယောက်တည်းနေထိုင်နေရတာဖြစ်ပါတယ်။အဘွားရဲ့ သားကလည်း စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ကာ မိခင်ကို ကူလီထမ်းပြီး ရှာဖွေကျွေးမွေးနေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်ကမှ သားဖြစ်သူက ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားခဲ့တာကြောင့် အဘွားခမျာ တစ်ယောက်တည်းကျန်ခဲ့ကာ အားကိုးမဲ့သွားရရှာပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သားဖြစ်သူဆုံးပါးသွားတော့ မိခင်အတွက် ပိုက်ဆံ(၁၇၀၀)နဲ့ ထမင်းတစ်ထုပ်သာ ကျန်ခဲ့တာဖြစ်ပါတယ်။နီးစပ်ရာရပ်ကွက်ကလည်း တစ်ယောက်တည်းကျန်ခဲ့တဲ့အဘွားကို ကိုယ်ချင်းစာကြပြီးအခုချိန်မှာဝိုင်းဝန်းကျွေးမွေးနေကြတာဖြစ်ပါတယ်။အဘွားနေထိုင်တဲ့အိမ်လေးကလည်း လဲပြိုတော့မှာဖြစ်တာကြောင့် အကူအညီအရမ်းလိုအပ်နေပါတယ်။အဘွားက အမရပူရ၊တရားရုံးအနောက်ဘက်မှာ နေထိုင်တာဖြစ်လို့ မန္တလေးက စေတနာရှင်ပြည်သူတွေသွားရောက်လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T