လမ်းဘေးက တွန်းလှည်းပေါ်မှာ နေထိုင်နေရတဲ့ အဘွားအိုတစ်ဦးကို တိုက်ခန်းစာချုပ်ချုပ်ပြီး ပြောင်းရွှေ့ပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/ef/ef9519f052397ae9ecf65c2ccaaf72ee0accc699.jpeg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လမ်းဘေးက တွန်းလှည်းပေါ်မှာ နေထိုင်နေရတဲ့ အဘွားအိုတစ်ဦးကို တိုက်ခန်းစာချုပ်ချုပ်ပြီး ပြောင်းရွှေ့ပေးလိုက်တဲ့ ပြည်သူတစ်ဦး

လက်ရှိကာလမှာဆိုရင် တစ်ကိုယ်တော်ပရဟိတသမားတွေလည်း အများအပြားထွက်ပေါ်လာပြီး အလှူရှင်တွေရဲ့စုပေါင်းအားနဲ့ ခက်ခဲနေသူတွေကို ကူညီပေးနေကြတာဖြစ်ပါတယ်။ပိုလျှံနေတဲ့ပြည်သူတွေကလည်း စေတနာအပြည့်နဲ့ ဝိုင်းဝန်းလှူဒါန်းနေတာကြောင့် ဒီကာလကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နေရတာပဲဖြစ်ပါတယ်။သက်ကြီးရွယ်အို အဘိုး၊အဘွားတွေ ဒုက္ခရောက်နေတာကိုတွေ့တဲ့အခါလည်း မိမိတို့ရဲ့မိသားစုဝင်လိုမျိုး ကြည့်ရှု့စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လွန်ခဲ့တဲ့တစ်ရက်မှာတော့ နေထိုင်စရာနေရာမရှိလို့ လမ်းဘေးမှာရပ်ထားတဲ့တွန်းလှည်းပေါ်မှာပဲ နေရတဲ့ အဘွားအိုတစ်ဦးအကြောင်းကို ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။အဘွားရဲ့အခြေအနေကိုတွေ့မြင်ပြီး သနားသွားကြတဲ့ စေတနာရှင်တွေက အလှူငွေတွေ ရက်ရက်ရောရောလှူဒါန်းပေးကြတာဖြစ်ပါတယ်။ပြည်သူတစ်ဦးလည်း အဘွားနေထိုင်ဖို့အတွက် တိုက်ခန်းလေးငှါးပြီး စာချုပ်ချုပ်ပေးလိုက်တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပရဟိတစိတ်ဓာတ်အပြည့်အဝရှိတဲ့ပြည်သူကတော့ အဘွားရဲ့ ပစ္စည်းတွေပြောင်းရွှေ့တာကအစ တိုက်ခန်းပေါ်ရောက်တဲ့အထိ သေချာကြည့်ပေးခဲ့တာဖြစ်ပါတယ်။မိုးမလုံ၊လေမလုံတဲ့နေရာကနေ လုံလုံခြုံခြုံ​နေရာလေးမှာနေထိုင်ရတဲ့အဘွားအတွက် ဝမ်းသာနေမိတာဖြစ်ပါတယ်။အခုလိုမျိုး ဒုက္ခရောက်နေသူကို စာနာနားလည်ပေးကြတဲ့ ပြည်သူတချို့ရဲ့ အလှူဒါနကို သာဓုခေါ်ရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T