မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် ချိုင်းထောင့်ကိုအားပြုပြီး သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့ ဘဘတစ်ဦး

//s9.kh1.co/ce/ce9f0f6502f91e40f0435ae3490be46e29c8e311.jpeg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် ချိုင်းထောင့်ကိုအားပြုပြီး သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့ ဘဘတစ်ဦး

လက်ရှိအချိန်မှာဆိုရင် ပြည်သူတွေက သမာအာဇီဝကျတဲ့နည်းလမ်းနဲ့ လုပ်ကိုင်စားသောက်ပြီး ဝမ်းရေးအတွက်ဖြေရှင်းနေကြရတာဖြစ်ပါတယ်။လူငယ်လေးတွေကအစ အလုပ်လုပ်ကိုင်ချင်စိတ်အပြည့်အဝရှိကြပြီး ရိုးရိုးသားသားရှာဖွေစားသောက်နေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုလိုအန္တရာယ်များနေတဲ့ကာလမှာတောင်လမ်းပေါ်ထွက်ပြီး စျေးရောင်းနေကြတဲ့သူတွေကို တွေ့မြင်တိုင်း တစ်နိုင်တစ်ပိုင်လေး အားပေးဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်တော့ အသက်(၇၄)နှစ်အရွယ် ဘဘတစ်ယောက်က လမ်းပေါ်မှာ “လိုတရ”စုဘူးလေးတွေကို ရောင်းချနေတာဖြစ်ပါတယ်။ဘဘက မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် ချိုင်းထောင့်ကိုအားပြုပြီး မိသားစုသုံးယောက်အတွက် ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတာဖြစ်ပါတယ်။ဘဘက ဝေဇယန္တာလမ်းနဲ့ပါရမီလမ်းမီးပွိုင့်ထောင့်နားမှာ ရွှေ၊ငွေ စုဘူးလေး တစ်ဘူးကိုမှ (၁၅၀၀)ကျပ်တည်းနဲ့ရောင်းချနေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဘဘက အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်နေတာဖြစ်ပါတယ်။မိမိရဲ့အဘိုးအရွယ်ဖြစ်တဲ့ ဘဘက ပင်ပင်ပန်းပန်းနဲ့ရုန်းကန်နေရတာကြောင့်  လမ်းမှာသွားရင်းလာရင်းနဲ့တွေ့တဲ့အခါ စုဘူးလေးတွေကို ဝယ်ယူအားပေးကြပါဦးလို့ တိုက်တွန်းပါရစေ။ဘဘရဲ့အိမ်ကို ကိုယ်တိုင်သွားပြီးလှူဒါန်းချင်ရင်လည်း မြောက်ဥက္ကလာ(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းကို သွားရောက်လို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T