နှစ်ပေါင်းများစွာစစ်ဘေးသင့်ရင်း ဘေးကင်းရာကိုပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ တိုင်းရင်းသားတွေထဲမှာ ကချင်လူမျိုးတွေလည်းပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း ကချင်စစ်ဘေးရှောင်စခန်းက လူမမယ်ကလေးငယ်လေးတွေအတွက် လိုအပ်တဲ့အရုပ်နဲ့ learning equipment တွေကို စေတနာရှင်တွေလှူဒါန်းနိုင်ဖို့အတွက် တာဝန်သိပြည်သူတစ်ဦးက အလှူခံပေးခဲ့ပါတယ်။

Photo Credit - Myint Sue Lang's FB Acc
Photo Credit - Myint Sue Lang's FB Acc

ကလေးဆိုတာလူရောစိတ်ပါနုနယ်သူလေးတွေမို့ သူတို့အတွက်စိတ်ပျော်စေမယ့် အရုပ်လေးတွေနဲ့ တခြားလေ့လာသင်ယူစရာ Equipment တွေရှိဖို့လည်း အရေးကြီးပါတယ်။ စစ်ရှောင်စခန်းတွေမှာ စားဖို့တောင်အနိုင်နိုင်ဖြစ်နေကြသူတွေရှိသလို ကလေးတွေလည်း အရမ်းများလွန်းတဲ့အတွက် ပိုပြီးခက်ခဲလာခဲ့ပါတယ်။

Photo Credit - Myint Sue Lang's FB Acc
Photo Credit - Myint Sue Lang's FB Acc

ဒီလိုအခက်အခဲတွေကိုကူညီပေးဖို့အတွက် တာဝန်သိပြည်သူတစ်ယောက်က " ကချင် စစ်ဘေးရှောင် စခန်းတွေအတွက် ထပ်ပြီးအလှူခံချင်ပါတယ် ကလေးတွေက အရမ်းများကြတဲ့အပြင် တစ်ချို့စစ်ရှောင်စခန်းကအိမ်တွေဆို စားဖို့တောင်အနိုင်နိုင် ခက်ခဲနေကြလို့ပါ ကလေးတွေလည်းအရမ်းများတဲ့အတွက် အရုပ်နဲ့အတူ learning equipment တွေကိုပါ ထပ်ပြီးအလှူခံချင်ပါတယ် လှူဒါန်းလိုပါက Wave/Kbzpay - 09420273881 ( Myit Sue Leng) ကိုထည့်သွင်းလှူဒါန်းလို့ရပါတယ်ရှင် " ဆိုပြီး အလှူခံပေးလာခဲ့ပါတယ်။

Photo Credit - Myint Sue Lang's FB Acc
Photo Credit - Myint Sue Lang's FB Acc

သတင်းအရင်းမြစ်: Myint Sue Lang's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။