ဗလီကနေ ဝတ်ပြုဆုတောင်းပြီး ထွက်လာတဲ့သူတွေကို လှူဒါန်းခွင့်ရလို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပီတိဖြစ်နေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/1a/1a6d164baa4b9828bb7657e0706e7759778bac9a.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဗလီကနေ ဝတ်ပြုဆုတောင်းပြီး ထွက်လာတဲ့သူတွေကို လှူဒါန်းခွင့်ရလို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပီတိဖြစ်နေတဲ့ ပြည်သူတစ်ဦး

ဒီကာလအတွင်းမှာတော့ ပြည်သူတွေက အရင်ကထက်ပိုပြီး စည်းလုံးချစ်ခင်စွာနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်တဲ့အခါမှာဆိုရင်လည်း ပြည်သူတွေက ကျားမမရွေး၊ လူတန်းစားမခွဲခြားဘဲ တစ်ယောက်ကိုတစ်ယောက် အားပေးကူညီနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘာသာမတူ၊ လူမျိုးမတူပေမယ့်လည်း အပြန်အလှန် လေးစားမှုထားပြီး အားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ကိုသာ အရောက်သွားနိုင်ဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း အမျိုးသမီးတစ်ဦးက ဗလီကနေ ဝတ်ပြုဆုတောင်းပြီး ထွက်လာကြတဲ့သူတွေအတွက် မုန့်တွေသွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်အနေနဲ့ မြန်မာပြည်သား အစ္စလာမ်အမျိုးကောင်းသားတို့အတွက် အခုလိုလှူခွင့်ရတာကို ပီတိဖြစ်မိကြောင်း သူမကပြောထားတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုဝေမိုးနိုင်လည်း ကျန်းကျန်းမာမာရှိပါစေဆိုပြီး ဆုတောင်းပေးထားသေးတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူမကတော့ လူမျိုးမတူ၊ ဘာသာကွဲပေမယ့် တိုင်းပြည်အပေါ် ချစ်တဲ့စိတ်က အတူတူပါပဲဆိုတာကို သက်သေပြခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီအမျိုးသမီးရဲ့အလှူကိုကြည့်ပြီး ပြည်သူတွေကလည်း ထပ်တူထပ်မျှ ဝမ်းသာပြီး ပီတိဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ဗလီကနေ ဝတ်ပြုဆုတောင်းပြီးလို့ ထွက်လာကြတဲ့သူတွေအတွက် မုန့်တွေသွားလှူပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T