မှာတဲ့သူဗိုက်ဆာနေမှာစိုးလို့ မိုးထဲလေထဲကနေ အမြန်သွားပို့ပေးခဲ့ပေမယ့်လည်း ပို့ခ(၅၀၀)ပဲရခဲ့တဲ့ သူ့အဖြစ်ကိုရင်ဖွင့်လာတဲ့ Rider တစ်ဦး

//s9.kh1.co/56/5607d751cbdc3a2506ef8dfda80c346135e9dec8.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မှာတဲ့သူဗိုက်ဆာနေမှာစိုးလို့ မိုးထဲလေထဲကနေ အမြန်သွားပို့ပေးခဲ့ပေမယ့်လည်း ပို့ခ(၅၀၀)ပဲရခဲ့တဲ့ သူ့အဖြစ်ကိုရင်ဖွင့်လာတဲ့ Rider တစ်ဦး

အခုချိန်မှာတော့ Rider တွေက ဝမ်းရေးရှာဖွေဖို့အတွက် အန္တရာယ်တွေကြားကနေ အပြင်ကိုထွက်ပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ် ။ တစ်နေ့တစ်နေ့ အော်ဒါရဖို့အတွက် မှာမယ့်သူကို စောင့်မျှော်နေရတဲ့ Rider တွေက စက်ဘီးလေးတွေကိုယ်စီနဲ့ လမ်းပေါ်မှာ အမြဲအသင့်ရှိနေတတ်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့က အော်ဒါအမှီပို့နိုင်ဖို့အတွက် ကားကြိုကားကြားကနေလည်း ရအောင်သွားပြီး ပို့ဆောင်ပေးတတ်ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့ကဆိုရင်လည်း Rider တစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို အားလုံးသိအောင် ပြောပြခဲ့တာ ဖြစ်ပါတယ် ။ စာထဲမှာတော့ အမျိုးသမီးတစ်ဦးက သူ့ဆီကို ဖုန်းနဲ့အော်ဒါလာမှာတဲ့အတွက် လက်ခံခဲ့ပြီး မိုးရွာနေတဲ့ကြားကနေ ထွက်လာခဲ့ကြောင်း ရေးထားတာ ဖြစ်ပါတယ် ။ အပြင်မှာ မိုးတွေသည်းတာကြောင့် သူ့ခမျာတစ်ကိုယ်လုံး စိုရွှဲနေပေမယ့်လည်း မှာတဲ့သူ ဗိုက်ဆာနေမှာစိုးလို့ အချိန်မှီသွားပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader

မှာတဲ့သူဆီရောက်တဲ့အခါမှာတော့ သူက ပို့ခကို "အစ်မအဆင်ပြေသလိုပေးပါ"လို့ ပြောလိုက်တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အဲ့ဒီအမျိုးသမီးက မုန့်အတွက် ကျသင့်ငွေ (၅၅၀၀)နဲ့အတူ ပို့ခ (၅၀၀)ကိုသာ ပေးခဲ့ကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ် ။ မိုးထဲလေထဲကနေ အရောက်သွားပို့ခဲ့ပေမယ့် လည်း ပို့ခ (၅၀၀)ပဲရပြီး ပြန်လာခဲ့ရကြောင်း ရင်ဖွင့်ထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် Rider တွေအနေနဲ့ "ဒီရက်ပိုင်း Deli ကြေးကို အစ်မအဆင်ပြေသလိုပေးပါ/ပေးချင်သလောက်ပေးပါတို့ပြောရင် ကြည့်ပြောကြပါ" ဆိုပြီး သူက သတိပေးထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T