လှိုင်သာယာက ကျူးအိမ်ထောင်စု (၁၁၀) အတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/15/156e7c8f7716e40cf396b580f22f7ad1e7b877a5.png
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရဟိတဆိုတာဟာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုးလုပ်ရတဲ့အလုပ်မျိုးပါ။ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ လိုအပ်နေသူတိုင်းအတွက် အမြဲလိုလိုကူညီပေးခဲ့ပြီး ကမ်းတဲ့လက်တိုင်းကိုလည်း ဖေးဖေးမမကူညီပေးခဲ့ပါတယ်။ ဒီနေ့မှာလည်း လှိုင်သာယာက ကျူးအိမ်ထောင်စု (၁၁၀) အတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc

အားလုံးရဲ့စုပေါင်းဒါနလေးဖြစ်တာကြောင့် အလှူရှင်တွေရော သွားရောက်လှူဒါန်းပေးတဲ့ ပရဟိတအကျိုးတော်ဆောင်တွေပါ ပီတိဖြစ်ရတဲ့အလှူလေးပါပဲ။ ဒီလိုပီတိဖြစ်စရာ အလှူဒါနပုံရိပ်တွေကို " ဝေဠုကျော်ဖောင်ဒေးရှင်းမှ လှိုင်သာယာမြို့နယ်၊ဦးချိန်လမ်း ကျူးအိမ်ထောင်စု (၁၁၀) စုသို့ တစ်အိမ်ထောင်လျှင် ဆန် (၂) ပြည်၊ ဆီ (၅၀) သား၊ ကြက်သွန်နီ (၅၀) သား၊ ကုလားပဲ (၃၀) သားတို့ကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါသည်။ "

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

" ယနေ့ စေတနာအလှူရှင်များကတော့ မိသားစု (၁၀၀၀) စာအတွက် လှူပေးထားကြတဲ့

(1) ကိုဇော်မင်း နှင့် မအေးအေးလေးမိသားစု

(2) မောင်သီဟနှင့် မြတ်

(3) ဦးဉာဏ်ဝင်း + ဒေါ်သီတာသိမ့် မိသားစု

(4) ကွယ်လွန်သူ မိဘ (၂) ပါး၊ (ကိုကိုလေး) နှင့် (သီတာခင်) တို့အားရည်စူး၍ ဒေါ်ဆွေဆွေသင်း

(5) မစန္ဒာ ခရစ်စတင်းနှင့် မောင်နှမများ မညိုမီ မိသားစု ကိုမြင့်လွင်၊ကိုထွန်းမင်း၊မအေးမြင့်

(6) ဦးကျော်အေး + ဒေါ်သန်း

(7) ဦးဇော်မြင့် + ဒေါ်ကြူဝင်း

(8) မောင်အောင်ကျော်သန်း

(9) ဦးထွန်းကျော် + ဒေါ်စန်းစန်း

(10) (ဦးဝေလင်းအောင်) +ဒေါ်ရီရီအောင် မိသားစု ဖြစ်ပါတယ်။

(အလှူရှင်များရဲ့ အလှူမိသားစု (၁၀၀၀) စာမှ (၈၈၁) မိသားစုသို့ လှူဒါန်းပြီးမြောက်ခဲ့ပါပြီ)

အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။ " ဆိုပြီး ဖောင်ဒေးရှင်းက ဝေမျှလာခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T