ကုမရတော့တဲ့ ကြွက်သားဆုံးရှုံးတဲ့ဝေဒနာသည် ညီအစ်ကိုအတွက် ဒုတိယအကြိမ် ထပ်မံလှူဒါန်းလိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/aa/aac204badca53d13047713709a7bc8f6929536b9.jpeg
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ပရိသတ်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ကတော့ ဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာပြည်သူတွေအတွက် ဖေးမကူညီနေသလို ကြွက်သားဆုံးရှုံးသည့် ရောဂါဝေဒနာခံစားနေရရှာတဲ့ ညီအစ်က်ိုနှစ်ယောက်အတွက် အလှူငွေတွေ ထောက်ပံ့ကူညီနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

ကြွက်သားဆုံးရှုံးပြီး ကုမရတော့တဲ့ မန္တလေးက ရောဂါသည်  ညီအစ်ကိုနှစ်ယောက်အတွက် ဒုတိယအကြိမ်အဖြစ် အလှူငွေ (၅၀၀၀၀)ကို ထောက်ပံ့ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်..။ 

ဝေဒနာရှင်ညီအစ်ကိုအတွက် ပြီးခဲ့တဲ့ ဧပြီလပိုင်းကလည်း အလှူငွေတွေ လှူဒါန်းခဲ့ပြီး ခက်ခဲနေတဲ့အချိန်မှာ ပိုပြီးခက်ခဲနေကြတဲ့ မိသားစုလေးအတွက် ဆုတောင်းပေးထားသလို အလှူရှင်တွေရဲ့ စေတနာတွေကိုလည်း ဖော်ပြထားပါသေးတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"

1-5-2021

ဝေဠုကျော်ဖောင်ဒေးရှင်းမှ လစဥ် ထောက်ပံ့ပေးနေသော ကုသမရတော့သည့် မန္တလေး မှ ကြွက်သားဆုံးရှုံးသည့်ရောဂါသည် ညီအကို မိသားစုအတွက် အလှူရှင်ရဲ့ လှူဒါန်းငွေထဲမှ အလှူငွေ ၅သောင်းကို ဒုတိယအကြိမ် ထပ်မံ လှူဒါန်းပေးလိုက်ပါတယ်။

ဒီလအတွက် လှူဒါန်းငွေ တစ်သိန်းခွဲကျပ်

ရှိသွားပါပြီ။

ခက်ခဲနေတဲ့ကာလမှာ ပိုခက်ခဲနေတဲ့ သားအမိတွေ ပြေလည် ငြိမ်းချမ်းကြပါစေ။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး မျှဝေပြောပြထားတာပါ..။

ပရိသတ်တွေကလည်း လိုအပ်နေတဲ့ ပြည်သူတွေအတွက် ဖေးမကူညီနေတဲ့ ဝေဠုကျော်တို့ ဖောင်ဒေးရှင်းနဲ့အတူ အလှူရှင်တွေကိုလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T