တပ်ဦးအလံကိုလွှင့်ထူကာ လမ်းမတွေပေါ်မှာဆန္ဒထုတ်ဖော်ခဲ့တဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်း

//s9.kh1.co/0c/0c5c9b82d9f6bc8e38211f31a80351d504721355.jpg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

မေလ ၂ ရက်နေ့ မန္တလေးမြို့အတွင်းမှာတော့ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းအပြင် တပ်ပေါင်းစု သပိတ်စစ်ကြောင်းပါ ထွက်ရှိခဲ့ပါတယ်။

ဒီတပ်ပေါင်းစု သပိတ်စစ်ကြောင်းအတွင်းမှာတော့ ရဟန်းသံဃာတွေ ၊ ပြည်သူပြည်သားတွေနဲ့ ကျောင်းသားကျောင်းသူတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

လူဦးရေ ရာနဲ့ချီတဲ့ ဒီတပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ ဆန္ဒထုတ်ဖော်မှုအဖြစ် လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေကြတာပဲ ဖြစ်ပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ တပ်ဦးအလံကို လွှင့်ထူကာ ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးပြီး လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်ကြောင်းချီတက်ရာ လမ်းတစ်​လျှောက်က ပြည်သူတွေကလည်း ထောက်ခံအားပေးခဲ့တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒါ့အပြင် အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

နေ့စဥ်နေ့တိုင်း အပြင်းအထန်ဖိနှိပ်ဖြိုခွဲ ဖမ်းဆီးမှုတွေကြားထဲကနေ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေရဲ့ သတ္တိကတော့ လေးစားစရာပါပဲ။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T