အရုပ်လေးနဲ့မုန့်တွေရလို့ အရမ်းပျော်ရွှင်ပြီး ပတ်ပြေးနေတဲ့ စစ်ဘေးရှောင်ကလေးငယ်လေး

//s9.kh1.co/20/20952c21e1ee3319d16d5e2f40e043250cbca7a4.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အရုပ်လေးနဲ့မုန့်တွေရလို့ အရမ်းပျော်ရွှင်ပြီး ပတ်ပြေးနေတဲ့ စစ်ဘေးရှောင်ကလေးငယ်လေး

အခုလိုအချိန်မှာ ပြည်သူတိုင်းနီးပါးအဆင်မပြေကြပေမယ့် စစ်ဘေးဒဏ်ကိုခံစားနေရတဲ့ တိုင်းရင်းသားပြည်သူတွေခမျာ နေစရာနေရာအတွက်တောင် အခက်အခဲဖြစ်နေရတာဖြစ်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေကို ပြည်သူလူထုက တတ်နိုင်သလောက် ကူညီလှူဒါန်းပေးကြတာဖြစ်ပါတယ်။လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တစ်ခုခုအတွက် လှူဒါန်းမယ်လို့ နှိုးဆော်လိုက်တာနဲ့ စေတနာရှင်တွေကလည်းတက်ညီလက်ညီပါဝင်ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့လူငယ်လေးတွေကတော့ စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာအထိ သွားရောက်ပြီး တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊အဝတ်အထည်တွေနဲ့ အစားအသောက်တွေကို ဝေငှပေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ ကလေးငယ်လေးတွေအတွက်လည်း အရုပ်လှလှလေးတွေ လက်ဆောင်ပေးကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ကလေးငယ်လေးတွေ စိတ်ပျော်ရွှင်စေဖို့အတွက် ပြည်သူတွေကလည်း အတတ်နိုင်ဆုံး ဝိုင်းဝန်းကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ကလေးငယ်လေးတစ်ယောက်က အရုပ်လေးနဲ့ မုန့်တွေရလို့ အရမ်းပျော်ပြီး ပတ်ပြေးနေတာဖြစ်ပါတယ်။အရုပ်ကလေးကို စောင်နဲ့ပတ်ကာ ကျောမှာပိုးပြီး ကိုယ်နဲ့မကွာသိမ်းထားတာဖြစ်ပါတယ်။ဒုက္ခအခက်အခဲတွေကြုံတွေ့နေရတဲ့ ကလေးငယ်လေးတွေကို ခဏလေးပဲဖြစ်ဖြစ် ပျော်ရွှင်စေဖို့ ဖန်တီးပေးကြတဲ့ ပြည်သူတွေရဲ့စေတနာက လေးစားစရာကောင်းလှပါတယ်။တခြားကလေးတွေလိုပဲ အရုပ်လေးကို ချစ်မြတ်နိုးတတ်တဲ့ စစ်ဘေးရှောင်ကလေးငယ်ရဲ့ အပျော်ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T