ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားသူကတော့ ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်ပနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်လာတိုင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ခွင့်မရတာကြောင့် စိတ်မကောင်းဖြစ်နေတာပါ။
သို့သော်လည်း သူနေထိုင်ရာ နယူးယောက်မြို့တွင် ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုများတွင် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေများကို Speak Out လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပြည်သူတွဘက်ကနေ ရပ်တည်ပေးနေတဲ့ ဥက္ကာမင်းမောင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။
မနေ့ကလည်း နယူးယောက်မြို့ကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံမှ ပြည်သူတစ်ချို့ကတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ အခမ်းအနားကို Time Square တွင် ကျင်းပခဲ့ကြတာပါ။ သူတို့အားလုံးကတော့ အဝေးတစ်နေရာသို့ ရောက်နေကြပေမယ့်လည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးလျက်ရှိနေကြောင်း ပြသခဲ့တာပါ။ ဥက္ကာမင်းမောင်ကလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် ဖမ်းဆီးခံနေရတဲ့သူများအားလုံးအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဥက္ကာမင်းမောင်ရဲ့ သတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။
Source and Photo Crd-Okkar Min Maung’s IG Account