မြင့်မားတဲ့ တောင်ထိပ်ထိ ခက်ခက်ခဲခဲတက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မိုးကုတ်မြို့ကလူငယ်များ

//s9.kh1.co/eb/eba6fd28beac954c8cf6f9cdfdf30dbdee15b411.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

ခုဆိုရင် မြန်မာနိုင်ငံနေရာအရပ်ရပ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ စည်းစည်းလုံးလုံးနဲ့ နွေဦးတော်လှန်ရေးကြီးမှာ ရရာနေရာကနေ နည်းမျိုးစုံကို အသုံးချကာ နေ့ရက်တိုင်း ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ဒီလှုပ်ရှားမှုတွေမှာ အဓိကပါဝင်ကြတဲ့ လူငယ်မျိုးဆက်သစ်လေးတွေရဲ့ တီထွင်နိုင်မှုတွေကလည်း တကယ်ကို လေးစားစရာကောင်းလွန်းတာ အမှန်ပါပဲ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

လူငယ်တွေက လူထုလှုပ်ရှားမှုပွဲတွေမှာ ရှေ့ဆုံးက ဦးဆောင်နေသလို Strike တွေတစ်မျိုးပြီးတစ်မျိုး ပြုလုပ်ဖို့အတွက် အမြဲတမ်း စဉ်းစားကြံဆနေကြတာလည်း ဖြစ်ပါတယ် ။ ဒီလိုလူငယ်တွေရဲ့ ဆန်းသစ်တဲ့ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေကပဲ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ သတင်းတွေထိ ရောက်ရှိခဲ့တာလည်းဖြစ်သလို အားလုံးကလည်း ချီးကျူးခဲ့ကြတာပါ။ဒီလိုလှုပ်ရှားမှုတွေကိုလည်း အပစ်အခတ်တွေ အန္တရာယ်တွေကြားကနေပဲ ခက်ခက်ခဲခဲလှုပ်ရှားနေကြရသလို အသက်ပေးသွားရတဲ့ သူရဲကောင်းတွေလည်း ခုဆိုများစွာထွက်ပေါ်ခဲ့တာကိုလည်း နှမျောတသ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီရက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာ လှုပ်ရှားမှုတွေကို ပိုမိုအားစိုက်ပြုလုပ်လာကြတာတွေ့ရပါတယ်။မိုးကုတ်မြို့မှာဆိုရင်လည်း ပြည်သူတွေဟာ နေ့ရက်တိုင်း Strike တွေကိုငြိမ်းချမ်းစွာလှုပ်ရှားလျက်ရှိပါတယ်။ မေလ (၁) ရက်နေ့မှာလည်း မိုးကုတ်ကGenZလေးတွေဟာ မြင့်မားတဲ့ တောင်ထိပ်ထိ ခက်ခက်ခဲခဲတက်ရောက်ကာ မိမိတို့ရင်တွင်းခံစားချက်တွေကို စာရွက်တွေမှာရေးသားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာတွေ့ရပါတယ်။ဇွဲ လုံ့လအပြည့်နဲ့ ယုံကြည်ချက်တွေဆီရောက်ဖို့ ကြိုးစားနေကြတာ တကယ်ကို လေးစားစရာပါပဲနော်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T