နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းကို မနက်အာရုဏ်ဦးအချိန်တည်းက စတင်နေခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်ထဲကလူငယ်များ

//s9.kh1.co/35/351eb1ca692f963a8c57e8bc190ad7755040965c.jpg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ရန်ကုန်မြို့အတွင်း နေရာတော်တော်များများမှာ အရင်လို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ ပြန်လည်စတင်လာတာ ဖြစ်ပြီး လူငယ်မျိုးဆက်သစ်တွေကလည်း လှုပ်ရှားမှုမျိုးစုံကို မြို့နယ်အသီးသီးမှာ စုပေါင်းကာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ရင်ထဲကဆန္ဒတွေကို ထုတ်​ေဖာ်နေကြတာ ပဲဖြစ်ပါတယ်။အခုရက်ပိုင်းတွင် လူထုလှုပ်ရှားမှုကြီးက ပိုမိုအားကောင်းလာတာ ဖြစ်ပြီး ယနေ့မေလ (၂)ရက်နေ့ကတော့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကာ လူကြီးလူငယ် မရွေး ပါဝင်လှုပ်ရှားနေတာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader

ယနေ့ မနက်ပိုင်းမှာ ဆိုရင်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ သာမက ပြည်ပတွင်လည်း တိုင်းရင်းသားပေါင်းစုံက ညီညီညွှတ်ညွတ် ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။ပြည်သူတွေကတော့ အခုလို အပစ်အခတ်တွေ အဖမ်းအဆီးတွေကြားထဲက မလျော့သောဇွဲတွေနဲ့ ကြိုးစား ဆောင်ရွက်နေကြတာကို လေးစားစွာ မြင်တွေ့နေရတာ ပဲဖြစ်ပါတယ်။တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးနေပေမယ့်လည်း ပြည်သူလူထုကြီးကတော့ အားမာန်အပြည့်နဲ့ တူညီတဲ့ ပန်းတိုင်ဆီကို လျှောက်လှမ်းနေကြတုန်း ဖြစ်ပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader

ဒီကနေ့ မနက် အာရုဏ်ဦးအချိန်တည်းကနေ စတင်ပြီးတော့ နွေဦးတော်လှန်ရေးကို မင်္ဂလာဒုံမြို့နယ်ထဲက လူငယ်တွေရဲ့ သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို အားတက်စရာ မြင်တွေ့ရတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် မင်္ဂလာဒုံမြို့နယ်က အာရုဏ်ဦး သပိတ်စစ်ကြောင်း ပုံရိပ်တွေကို မျှဝေပေးရင်း ပြည်သူပြည်သားတွေ အားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။???

Photo Credit- Original Uploader
Photo Credit- Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T