တော်လှန်ရေးကာလမှာ ရင်းခဲ့ရတဲ့ အသက်တွေကို ငဲ့ညှာသောအားဖြင့် နိုင်ငံရေးနဲ့မသက်ဆိုင်သောအပျော်တွေမတင်ဖို့ တောင်းဆိုလိုက်တဲ့ ဟန်နာယူရီ

//s9.kh1.co/dc/dc05f5c03ada64765ecaa3765efaa237dbe0c5b6.jpeg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကြော်ငြာမင်းသမီးအဖြစ်  ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးနေသူလေးကတော့ ဟန်နာယူရီပဲ  ဖြစ်ပါတယ်။  သူမကတော့ အနုပညာလှုပ်ရှားမှုတွေသာမကဘဲ  အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်နေပြီး အောင်မြင်မှုတွေရရှိနေသူ ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့် လိုအပ်တဲ့နေရာတွေကို  တတ်နိုင်သလောက် လှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။

Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေများကို  တစ်ကမ္ဘာလုံးမှ သိရှိနိုင်အောင် သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် Speak Out လုပ်ပေးနေတာ ဖြစ်ပါတယ်။ လူထူလှုပ်ရှားမှုတွေ စတင်ခဲ့ကြသည်မှာ လပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့်  သာမန်ပုံစံအတိုင်း နေထိုင်သွားလာနေကြတဲ့ ပြည်သူတစ်ချို့လည်း ရှိနေကြပါပြီ။ တော်လှန်ရေးအတွင်း အသက်တွေ ဘဝတွေပေးဆပ်ခဲ့ရသူတွေကို စာနာသောအားဖြင့်  နိုင်ငံရေးနဲ့မသက်ဆိုင်သော အပျော်တွေကို ဆိုရှယ်မီဒီယာထက်တွင် မတင်ကြဖို့ ဟန်နာယူရီမှ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s IG Account
Photo Crd-Hanna Yuri’s IG Account

" ၃လတောင်ရှိပြီစိတ်အပန်းဖြေခွင့်မရဘူးလား

ငါတို့ဘဝနဲ့ငါတို့နေတာဆိုသူတွေရှင့် 

ကျွန်မတို့စားသောက်လို့ရတယ်

သွားလာလို့ရပါတယ် မတားပါ

စိတ်ကျန်းမာရေးကအရေးကြီးပါတယ်

တောင်းဆိုချင်တာကအဲ့ဒါတွေကို

Social media မှာဘဲ မတင်ဖို့ပါပဲ

အထူးသဖြင့်followers များသူများ

လုံးဝဆင်ခြင်ပေးကြပါ။ 

ဒါကျွန်မခံစားချက်ပေါ့ ဘေးကင်းရာ

မရောက်မီ ကိုယ်ကသာရှောင်တိမ်း

နေရတာSNS မှာလှလှပပဝတ်ဆင်

သွားလာပျော်ပါးနေတဲ့ပုံတွေ မြင်ရတာ

ကိုယ့်ကို ကမ္ဘာတစ်ခြမ်း

ရောက်နေသလိုသိမ်ငယ်မိပါတယ် 

မျက်တွင်းတွေကျနေ့ညမအိပ်နိုင်

လည်ပင်းဓါးမိုးထားသလို အိမ်အဝေးမှာ

အရမ်း စိတ်ဓါတ်ကျအားငယ်မိပါတယ် 

ဒါမနာလိုတာမဟုတ်ပါ ရင်နာမိတာပါ 

Request ချင်ပါတယ်ဒီအချိန်မှာတော့ 

Facebook ကော Instagram မှာကော

လက်ရှိပျော်ရွင်သွားလာသောက်စားနေတဲ့

အလှပုံတွေ Tiktok ကနေတာတွေ နိုင်ငံရေးနဲ့မဆိုင်တဲ့ 

အပျော်တွေတင်ခါနီးရင် 

ဒီတော်လှန်ရေးမှာရင်းခဲ့ရတဲ့ အသက်တွေ ဘဝတွေကို

ငဲ့ညာသနားပေးပါ မိုးရွာထဲရွဲစိုဆန္ဒပြနေတဲ့ကလေးတွေအနာဂတ်တွေချရင်းထားသူတွေ ကိုငဲ့ညာပေးပါ

လမ်းထွက်ဖို့ မပြောပါဘူး အိမ်မှာနေရင်း

ဒါလေးတွေစောင့်ထိန်းပေးပါလားရှင် 

ကျွန်မကအခုpersonal daily life ဟာတင်ဖြစ်ရင်friend onlyတင်ပါတယ်၊Private Instagram account close friends only တင်ပါတယ်။Official Facebook ,

Instagram တွေမှာလည်းခုထိအပျော်ပုံတွေအလုပ်တွေမတင်ပါဘူး တင်လို့ရပေမဲ့ မတင်ရက်ပါဘူး။SNS impact တွေကအရမ်းအားပြင်းပါတယ်။အရမ်းအရေးကြီးသတိထားပါတယ်။ဒါနိုင်ငံသားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်အတူရပ်တည်တာပါ။ကျွန်မရဲ့ နိုင်ငံပုံမှန်ပြန်မဖြစ်သေးဘူး၊ခုချိန်ထိပြည်သူတွေသေကြေသတ်ဖြတ်ဖမ်းဆီးနှိပ်ဆက်ခံနေရဆဲဆိုတာအခြားနိုင်ငံကfollowers တွေကို SNS တွေကနေ သိနေစေချင်လို့ပါရှင်။

နောင်ပျော်ရမဲ့ အချိန်မှအတူတူပျော်နိုင်အောင် 

ခဏလောက်သည်းခံပြီး သွေးမအေးလက်မလျှော့ဘဲ

ပူးပေါင်းပါဝင်ပေးပါလို့ ညိုးငယ်စွာတောင်းဆိုပါတယ် " ဆိုပြီး ရေးသားထားတာပါ။  မြန်မာနိုင်ငံကြီး အရင်လိုပုံမှန်ပြန်ဖြစ်ဖို့  ကြိုးစားနေကြတဲ့ လူငယ်တွေဟာ ဒီနေ့ချိန်ထိ  နေပူမရှောင် ၊ မိုးရွာမရှောင် လမ်းမထက်တွေမှာ  သူတို့ရဲ့ ဆန္ဒတွေကို အခါခွင့်သင့်တိုင်း ထုတ်ဖော်ပြသနေကြတာ ဖြစ်ပါတယ်။ လူငယ်တွေအားလုံး စိတ်ဓာတ်မကျသွားစေရန် လူမှုကွန်ယက်များတွင် အပျော်အပါးပို့စ်တွေ မတင်ကြဖို့ တောင်းဆိုလိုက်ပါရစေနော်။

Source and Photo Crd-Hanna Yuri’s Facebook Page and IG Account

Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page
Photo Crd-Hanna Yuri’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T