အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ အမြို့မြို့အနယ်နယ်က အင်အားကောင်းတဲ့ သပိတ်စစ်ကြောင်းပုံရိပ်တွေ

//s9.kh1.co/6c/6c35fab77b19cc7f708436908f69cc6293ff5f63.png
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက တိုင်းပြည်မငြိမ်မသက်မှုတွေရှိလာခဲ့ပြီး ပြည်သူတွေဟာ လည်း မိမိတို့ရဲ့ကိုယ်ပိုင်ဆန္ဒတွေကို ဆိုင်းဘုတ်ကိုင်ကာ ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒဖော်ထုတ်တာတွေဟာလည်း ဖေဖော်ဝါရီလမှာ အတော်လေးကိုအရှိန်အဟုန် ကောင်းခဲ့ပြီး မတ်လနဲ့ ဧပြီလမှာတော့ ကွက်ကြားသပိတ် အတော်များများနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ယခု မေလမှာတော့ ဒုတိယအရှိန်အဟုန်အဖြစ်နဲ့ ပြန်လည်ဦးမော့လာတဲ့ သပိတ်စစ်ကြောင်းတွေဟာ မြို့တိုင်းနယ်တိုင်းမှာ အသီးသီးပေါ်လာခဲ့ပြန်ပါတယ်။ ဒီလိုပြန်လည်ပေါ်ပေါက်လာတဲ့အတွက် ပြည်သူတွေရဲ့သွေးဟာ ဘယ်တော့မှမအေးသွားဘူးဆိုတာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin's FB Acc

ပြည်သူများရဲ့ရင်တွင်းဆန္ဒတွေဟာ ဒီမိုကရေစီမရမချင်းရပ်တန့်သွားမှာမဟုတ်ဘဲ ရရာနည်းနဲ့ ဆက်လက်တော်လှန်နေကြမှာအသေအချာပါပဲ။ ဒီနေ့မှာလည်း ရန်ကုန်နဲ့တခြားမြို့တွေ နယ်တွေမှာ သပိတ်စစ်ကြောင်းတွေပြန်လည်ပေါ်ပေါက်လာခဲ့ပြီး သတ္တိရှိရှိနဲ့ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သပိတ်စစ်ကြောင်းတွေထဲမှာမှ ရန်ကုန်အင်းစိန်လမ်းမပေါ်က သပိတ်စစ်ကြောင်းဟာ အထိအခိုက် အဖမ်းအဆီးမရှိဘဲ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ အဖမ်းအဆီးများတဲ့ ဒီလိုကာလတွေမှာတောင် ရဲရဲဝံ့ဝံ့နဲ့ လမ်းပေါ်ထွက်လာခဲ့ကြတဲ့ ပြည်သူတိုင်းရဲ့ သတ္တိဟာ တကယ်ကိုဂုဏ်ယူစရာပါပဲ။ မြန်မာလူငယ်တွေရဲ့ကြိုးစားမှုနဲ့ သတ္တိကို မြန်မာတင်မက ကမ္ဘာကပါ ထင်ထင်ရှားရှားမြင်တွေ့လာခဲ့ကြတာလည်း ဝမ်းသာစရာပါ။

Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc

နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းမော်ကွန်းဟာလည်း အမြို့မြို့အနယ်နယ်က သပိတ်စစ်ကြောင်းပုံရိပ်တွေကို " နွေဦးတော်လှန်ရေးဒုတိယလှိုင်း ဘယ်တော့မှသွေးမအေးကြသော မြန်မာပြည်အရပ်ရပ်ကသူရဲကောင်းများကို အမြဲဦးညွှတ်လေးစားလျက် " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှလာခဲ့ပါတယ်။ သရုပ်ဆောင်ကောင်း ဖခင်ကောင်းပီသတဲ့အပြင်  ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ခဲ့တဲ့ကိုကျော်လည်းဘေးကင်းစေဖို့ အားလုံးက ဆုတောင်းပေးနေခဲ့ပါသေးတယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သူရဲကောင်းတိုင်းဟာ ဒီမိုကရေစီကို အရယူနိုင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ ဒီပုံတွေက သက်သေပါပဲ။

Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc
Photo Credit - Kyaw Kyaw Htay Lwin's FB Acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T