အောင်မြင်မှုတွေရရှိထားတဲ့အပြင် စကားပြောပွင့်လင်းပြီး စိတ်ထားစေတနာကောင်းတာတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချော ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်..။
ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ လက်ရှိအခြေအနေတွေမှာလည်း လူထုလှုပ်ရှားမှုတွေ အင်တိုက်အားတိုက်ပြုလုပ်နေပြီး ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပေမယ့် တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် ပြည်သူတွေနဲ့အတူ ရပ်တည်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။
ပိုင်ဖြိုးသုကတော့ ဒီကနေ့မှာ အသက်(၄၀) ပြည့် မွေးနေ့ကျရောက်လာတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးအတွက် သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ထိထိမိမိလေး မွေးနေ့ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်..။
အသက်(၄၀)ပြည့်မှ ဘဝစတာဆိုပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအမျိုးမျိုးကြောင့် ဘဝစတဲ့အချိန်မှ အခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းစကားတွေ ဆိုထားတာပါ..။
"အသက်(၄၀)မှဘဝကစတာတဲ့...
ဦးရေခဲကြီး ဘဝကိုစလုံးရေစရတဲ့ အချိန်မှာမှ စစ်အာဏာသိမ်းခံထားရချိန်နဲ့ ကြုံရတာတော့ကျက်သရေ မရှိဘူးပေါ့နော်....
ဘဝမှာသူ့အတွက် ဒီမိုကရေစီအမြန်ရရှိပါစေ စစ်အာဏာရှင်အုပ်ချုပ်ခံရမှုမှအမြန်လွတ်မြောက်ပါစေ လို့မွေးနေ့မှာ ဆုတောင်းပေးရမယ်လို့အိပ်မက်တောင် မမက်ဖူးဘူး...
Anyway, I'll always be by your side, through thick and thin.
Have a peaceful birthday Boo Bear❤️
အရေးတော်ပုံအမြန်ဆုံးအောင်ပါစေ.." ဆိုပြီး ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးထားတာပါ..။
သူမရဲ့ပို့စ်အောက်မှာ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားဆိုထားကြသလို ဇနီးမောင်နှံနှစ်ယောက် အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Paing Phyo Thu's Fb Acc