ဒုတိယလှိုင်း နွေဦးတော်လှန်ရေးကို အားမာန်အပြည့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သန်လျင်မြို့နယ်က လူငယ်များ

//s9.kh1.co/3b/3b415e21c7a3687e08f1628f63e9cab3b39dc752.jpg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် လူထုလှုပ်ရှားမှုတွေကိုဆိုရင် မြို့နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံက တစ်ညီလက်ညီနဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ဧပြီလ (၂၈)ရက်နေ့ကနေ ပြန်စတင်ပြီး အခုအခြေအနေကို အားမလျော့ကြသေးပဲ အမျိုးမျိုး ထီထွင်ကြံဆကာ လမ်းမပေါ်ထွက်ပြီးရဲစွမ်းသတ္တိ အပြည့်နဲ့ ဆက်လက်ချီတက်နေကြတာ ပဲဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလိုအချိန်မျိုးတွင် ပြည်သူလူထုက အရမ်းကို စည်းလုံးညီညွှတ်စွာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးဖရင်း တစ်သွေးတည်း တစ်သားတည်း ရှိနေကြတာ ဖြစ်ပြီး လူငယ်တွေရဲ့ အနာဂတ် အတွက် တက်တက်ကြွကြွနဲ့ ဆက်လက် တိုက်ပွဲဝင် နေကြတုန်း ဖြစ်ပါတယ်။ရက်ပေါင်း (၉၁) ရက်ကြာမြင့်သွားပြီ ဖြစ်တဲ့ လက်ရှိ အခြေအနေမှာဆိုရင် အသက်ပေးသွားရတဲ့ အာဇာနည်သူရဲကောင်းတွေလည်း အများအပြား ရှိနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း ဝမ်းနည်းကြေကွဲစွာ ခံစားနေကြရတာ ပဲဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီနေ့ မနက်ပိုင်းမှာဆိုရင်တော့ တော်လှန်ရေးကို တစ်ကမ္ဘာလုံးမှာ ချီတက်ဆန္ဒပြနေကြတာ ဖြစ်ပြီး သန်လျင်မြို့နယ်ကလည်း သပိတ်ကြီးမှာ ပါဝင် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ဘာတွေလဲ?သန်လျင်သားတွေ...သွေးကြွေးမှာ ဆွေးနွေးစရာမရှိ အသံမတိတ်တဲ့ သန်လျင်သပိတ်...သန်လျင်သမိုင်း မရိုင်းစေရ...အုပ်ချုပ်ခွင့်မရစေရ...ဆိုပြီး ဟစ်ကြွေးကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေ....???

Photo Credit-Original Uploader
Photo Credit-Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T