ပရိသတ်ကြီးရေ.......သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည် အောင်မြင်နေတာ ဖြစ်ပြီး ပရဟိတအလုပ်တွေကိုပါ ဆက်တိုက် လုပ် ဆောင်နေတာကြောင့် သူမကို ချစ်စနိုးနဲ့ မေတ္တာရှင်မလေးလို့တောင် ခေါ်နေကြတာလည်း တွေ့ရပါတယ်။ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာကိုလည်း တည်ထောင်ထားတာသလို အခုလိုအချိန်မျိုးတွင် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကိုလည်း နိုင်သလောက် လိုက်လံ လှူဒါန်းမှုတွေကို ပြုလုပ်နေသူ ပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွင်လည်း ပြည်သူလူထုနဲ့ အတူ ကြိုးစားပါဝင် လှုပ်ရှားသလို အခက်အခဲ ဖြစ်နေတဲ့ သူတွေကိုလည်း ကိုယ်တိုင်သွားရောက်ကာ ကူညီဖေးမ ပေးနေတာလည်း တွေ့ရပါတယ်။ဒီနေ့မှာဆိုရင်တော့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ အမေ မွေးနေ့အလှူကို ကျိုက်မရော ဆရာတော်ကြီးဆီမှာ ပြုလုပ်ခဲ့ကြောင်းကို သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် ခုလိုရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
"ကျိုက်မရော ဆရာတော်ကြီးဆီမှာ အမေ့ မွေးနေ့ အလှူအဖြစ် ဆွမ်း၊ သင်္ကန်း၊ ဝတ္တူငွေ ကပ်လှူခဲ့ပါတယ်...ခုနှစ်ရက်သားသမီးများ အားလုံး ကပ်ရောဂါဆိုး ၊ ဒုက္ခဘေးရန် အပေါင်းမှ လွတ်ကင်းကြပါစေလို့ဆရာတော်ကြီးမှ ဆုတောင်း မေတ္တာ ပို့ပေးခဲ့ပါတယ်.ပြုလုပ်သမျှ ကုသိုလ်များ အားလုံးကို ထပ်တူ ကုသိုလ်ပွားများ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်..???...."ဆိုပြီး မျှဝေထားတာ ဖြစ်တာကြောင့် ပရိသတ်တွေ သာဓုခေါ်နိုင်အောင် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့Comment တွင် သာဓုခေါ်ကြရင်း အသက်ရှည်ကျန်းမာပါစေလို့ ပြန်လည် ဆုတောင်းပေးထားတာ ကိုလည်း တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Khine Hnin Wai FB Account