မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းမှုကြောင့် အစားအစာနဲ့ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

//s9.kh1.co/5b/5bbaf441f7a9978cb69856648bc87fa952b15ac5.jpg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းမှုကြောင့် အစားအစာနဲ့ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် နယ်မြို့လေးတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ် ။ တစ်ချို့ဆိုရင် အသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် သူတို့နေထိုင်တဲ့နေရာတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ် ။ စစ်ဘေးရှောင်ပြည်သူတွေ များပြားလာပြီဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွက် တစ်ခြားပြည်နယ်က ပြည်သူတွေကလည်း ကူညီလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit - Karen Unity Hope's FB Acc & BERT

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေက သူတို့ရဲ့အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေတွေစီးဆင်းလာပြီး ရေစီးနဲ့အတူ သူတို့ရဲ့ပစ္စည်းတွေလည်း ပါသွားခဲ့တာ ဖြစ်ပါတယ် ။ ဘေးလွတ်ရာကို ရွှေ့ပြောင်းရင်းနဲ့ တောထဲမှာနေထိုင်နေရတဲ့ ကရင်ပြည်သူတွေခမျာ အခုဆိုရင် စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။

Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT

ဒုက္ခရောက်နေကြတဲ့ ကရင်ပြည်သူတွေအတွက် စေတနာရှင်တွေကလည်း လိုအပ်တာတွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။ ကရင်လူမျိုးတစ်ဦးကလည်း စစ်ဘေးရှောင် ကရင်တိုင်းရင်းသားတွေအတွက် အတူတကွရပ်တည်ပေးဖို့ကို တောင်းဆိုထားတာ ဖြစ်ပါတယ် ။ အခက်အခဲတွေကြားကနေ ကြိုးစားရှင်သန်နေရတဲ့ ကရင်ပြည်နယ်က ပြည်သူတွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit - Karen Unity Hope's FB Acc & BERT

Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc & BERT
Photo Credit - Karen Unity Hope's FB Acc 

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T