အသက်အန္တရာယ်က လွတ်မြောက်ဖို့အတွက် အရိပ်မရှိ၊ ရေမရှိတဲ့တောထဲကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူများ

//s9.kh1.co/cc/cc939e0b5f07625b3050c6da1573a96e06ece5b7.jpg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်အန္တရာယ်က လွတ်မြောက်ဖို့အတွက် အရိပ်မရှိ၊ ရေမရှိတဲ့တောထဲကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူများ

ပြည်သူတွေကတော့ နေ့စဥ်နဲ့အမျှ လူထုလှုပ်ရှားမှုတွေပြုလုပ်ပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။ တစ်ချို့နေရာတွေမှာဆိုရင် တစ်မြို့လုံးနီးပါး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေပေမယ့် တစ်ချို့မြို့လေးတွေမှာတော့ ပြည်သူတွေခမျာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။ အခုလည်း အသက်အန္တရာယ်က လွတ်မြောက်ဖို့အတွက် ထွက်ပြေးနေရတဲ့ ရွာလေးတစ်ရွာက ပြည်သူတွေရဲ့အကြောင်းကို လူတစ်ဦးက ပြောပြထားပါတယ်။

Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc

စာထဲမှာတော့ ယာကြီးရွာမလို့ခေါ်တဲ့ အဲ့ဒီရွာလေးက လူသိနည်းတာကြောင့် ထိုင်းရောက်မြန်မာတွေကတစ်ဆင့် သူ့ဆီကို အကူအညီတောင်းခံလာလို့ အခုလိုတင်ပြပေးရတာဖြစ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ဒီရွာလေးမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေကတော့ သူတို့ကို စွပ်စွဲဖမ်းဆီးမှာစိုးတာကြောင့် တောထဲကို ထွက်ပြေးနေတာ (၁၅) ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc

ရွာသူရွာသားတွေခမျာ ပူပြင်းလှတဲ့နွေရာသီမှာ အရိပ်မရှိ၊ ရေမရှိတဲ့တောထဲကို ပြေးလာရင်းနဲ့ ဒုက္ခရောက်နေကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် နွေရာသီဖြစ်တာကြောင့် သောက်ရေသုံးရေ ပြတ်လပ်ခြင်း၊ အရေးပေါ် ဆေးဝါးလိုအပ်ခြင်း၊ မိသားစုအချင်းချင်း အဆက်အသွယ် မရရှိခြင်း၊တယ်လီဖုန်းလိုင်းများ ကြပ်တည်းခြင်းနဲ့ အင်တာနက်မရရှိခြင်းဆိုတဲ့ အခက်အခဲတွေကိုလည်း ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်အန္တရာယ်အတွက် ပူပြင်းခြောက်သွေ့တဲ့တောထဲကို ရှောင်တိမ်းလာရတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Ye Min's FB Acc

Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Photo Credit-Ye Min's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T