တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြတဲ့ နယူးယောက်ကမြန်မာပြည်သူများ

//s9.kh1.co/7c/7c869e99fbb6aca7a3ca6f6c993d909ddcc2da6c.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အချိန်နဲ့တစ်ပြေးညီစိတ်ဝင်စားခြင်းကိုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ။လူငယ်မျိုးဆက်သစ်တွေကလည်း နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေ သတိထားမိလာအောင် အချိန်ရှိတိုင်း နည်းမျိုးစုံကို တီထွင်ကာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ဘဝကို စာနာနားလည်ပေးတဲ့ ပြည်ပနိုင်ငံတစ်ချို့ကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ် ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်ပရောက်မြန်မာတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း သူတို့က မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ကိုရီးယား ဂျပန် ထိုင်ဝမ် အပြင် နယူးယောက်စတဲ့ နိုင်ငံအသီးသီးက ပြည်ပရောက်မြန်မာတွေဟာလည်း လမ်းမပေါ်ထွက်ကာ ချီတက်လှုပ်ရှားမှုတွေအပြင် အခြားထိရောက်တဲ့ နည်းလမ်းတွေနဲ့လည်း ပါဝင်လှုပ်ရှားပေးနေကြတာကို ဝမ်းမြောက်စွာတွေ့မြင်ရပါတယ်။ဒီနေ့မေလ (၂) ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ကြီးမှာလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေဟာ သက်ဆိုင်ရာနေရာတွေကနေပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယနေ့ နယူးယောက်မှာဆိုရင်လည်း မြန်မာပြည်သားတွေဟာ တိုင်းရင်းသား လူမျိုးစုံရဲ့ ရိုးရာဝတ်စုံများကိုဝတ်ဆင်ကာ မိမိတို့ဆန္ဒတွေကို ထုတ်ဖော်ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ စာရွက်တွေကိုင်ဆောင်ကာ လူအင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့မြင်ရပါတယ်။ပုံတွေကြည့်ပြီး အားအင်တွေပြည့်မိသလို လေးစားမိတာအမှန်ပါပဲနော်။ ဒါ့အပြင် အခြားနိုင်ငံတွေမှာနေထိုင်ကြတဲ့ မြန်မာလူမျိုးတွေလည်း ဒီနွေဦးတော်လှန်ရေးကြီးကို လှုပ်ရှားပါဝင်နေကြတယ်လို့လည်း သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T