လုံခြုံရေးအရ လူကိုယ်တိုင်ရော Online ကနေပါ အဆက်အသွယ်ဖြတ်ပြီး ရှောင်နေရပေမယ့် အမှန်တရားဖက်မှာ အပြည့်အဝ ရပ်တည်ပေးနေကြောင်း ပြောပြလာတဲ့ သန္တာလှိုင်

//s9.kh1.co/fd/fdbfbb0730cf633e7b27465aa2e418e714bef0f1.jpg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....မော်ဒယ်လ်လောကမှာ အောင်မြင်မှုတွေကို သရဖူဆောင်း ထားနိုင်တဲ့ သန္တာလှိုင်ကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းပါဝင် အားဖြည့်နေသူ ပဲဖြစ်ပါတယ်။ပြည်သူတွေနဲ့ တစ်သားတည်းပါဝင် ဆောင်ရွက်နေရင်း ၅၀၅ က ဖြင့် အမှုဖွင့် တရားစွဲဆို ခံထားရပေမယ့်လည်း သူမ တတ်နိုင်တဲ့ဘက်ကနေ ယနေ့အချိန်ထိ အခိုင်အမာ ရပ်တည်ပေး နေတာလည်း တွေ့ရပါတယ်။

Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page

ဒီနေ့မှာဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်ကို လုံခြုံရေးအရလမ်းမပေါ်တွင် ထွက်ကာ ပြည်သူလူထုနဲ့အတူ ဆန္ဒမထုတ်ဖော်နိုင်ပေမယ့်လည်း အမှန်တရားဘက်ကနေ အပြည့်အဝ ပါဝင် ထောက်ခံနေကြောင်းကို သူမရဲ့Facebook စာမျက်နှာထက်တွင် ဖော်ပြပေးလာတာ တွေ့ရပါတယ်။မြန်မာပြည်ထဲက လုံခြုံတဲ့ တစ်နေရာမှာ ရှိနေပေမယ့်လည်း internet မရတဲ့ သူမကိုယ်စား သမီးလေးက Australia ကနေ အလုပ်လုပ်ပြီး post တွေ တင်ပေးနေတာကြောင့် အားကိုးလို့ရနေပြီ ဖြစ်ကြောင်းကိုလည်း ပြောထားပါသေးတယ်နော်......

Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page

"လုံခြုံရေးအရ လူကိုယ်တိုင်ရော Online ကနေပါ ကျွန်မ အဆက်အသွယ်ဖြတ်ပြီး ရှောင်နေရပေမယ့် အမှန်တရားဖက်မှာ အပြည့်အဝရပ်တည်တဲ့ ပြည်သူလူသားတစ်ယောက်အနေနဲ့ လုပ်စရာရှိတဲ့ တာဝန်တွေတော့ မလစ်ဟင်းစေခဲ့ပါဘူး။ ဒါ့အပြင် အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေအကုန်လုံးကို တစ်ရက်မှ မမေ့ပါဘူး။ သူတို့ရင်းခဲ့တဲ့ အသက်တွေရယ် ကျွန်မတို့ရဲ့ အနာဂတ်အတွက် အချည်းအနှီးမဖြစ်ရအောင် သတင်းအမှောင်ကျနေတဲ့ ကျွန်မတို့တွေကိုယ်စား အသံပြုပေးနေတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုး၊ နိုင်ငံသား နဲ့ ဘာသာဝင် ပေါင်းစုံကိုလည်း ကျေးဇူးတင်လို့မဆုံးပါဘူးရှင် #globalmyanmarspringrevolutionday"ဆိုပြီးရေးသား မျှ ဝေပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့ comment အောက်တွင် "နေ့တိုင်းဝင်ကြည့်မိနေတာ အခုမှပဲ စိတ်အေးရတော့တယ်"ဆိုပြီး စိတ်ပူပေးနေကြတာလည်း တွေ့ရပါတယ်။

Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page
Photo Credit -Thandar Hlaing FB Page

သတင်း အရင်းအမြစ်Thandar Hlaing FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T