အဆိုတော်တစ်ယောက်အဖြစ် ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းတွေများစွာ ထွက်ထားကာ ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားသူကတော့ မေခလာပဲ ဖြစ်ပါတယ်..။
ချစ်ငယ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ ဒီကနေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့ရက်မှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။
အရင်နှစ်တွေကလို မလှူနိုင်ပေမယ့် ခက်ခဲဆင်းရဲစွာ နေနေရတဲ့ သာကေတလယ်ယာကျူးက မိသားစုလေးတွေဆီကို အရောက်သွားပြီး အိမ်ခြေ ၇၂ အိမ်အတွက် အလှူငွေတွေ ဖေးမကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
လိုအပ်နေတဲ့ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ကာ အဆင်မပြေနေကြတဲ့အချိန် ကိုယ့်ထက်အဆင်မပြေတဲ့ မိသားစုတွေကြည့်ရင်း ဝမ်းနည်းမျက်ရည်ဝဲမိတဲ့အကြောင်းတွေကိုလည်း ချစ်ငယ်က ပြောပြထားပါသေးတယ်..။
"ကိုယ့်မွေးနေ့ရောက်တိုင်း အလှုတခုတော့လုပ်လေ့ရှိပါတယ် ဒီနေ့ ဒီနှစ်မှာ အရင်နှစ်တွေကလို မလှုနိုင်ခဲ့ပါဘူး
ဒါပေမဲ့ ခက်ခဲဆင်းရဲစွာနဲ့နေနေရတဲ့မိသားစုလေးတွေဆီ အရောက်သွားခဲ့ပါတယ်
အိမ်ခြေ၇၂အိမ် တအိမ်၃သောင်းလှုနိုင်ခဲ့ပါတယ်???
တချို့ အိမ်လေးတွေနဲ့ အမှတ်တရမရိုက်ဖြစ်ခဲ့ဘူး အားလုံး အဆင်မပြေနေကြတဲ့အချိန် ကိုယ့်ထက်အဆင်မပြေတဲ့ မိသားစုတွေကြည့်ရင်း ဝမ်းနည်းမျက်ရည်ဝဲမိတယ် ???
ချစ်ငယ်ကိုကူညီပေးတဲ့ သူငယ်ချင်းများ နဲ့ အဆိုတော် ခိုင်နို ကိုလည်း ကျေးဇူးတင်တယ်နော်❤️
သာကေတ လယ်ယာကျုးကမိသားစုအားလုံးကျန်းမာချမ်းသာကြပါစေ??????
ပြည်သူ့ထံမှ ပြည်သူ့ထံသို့.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။
အခုလိုအခက်အခဲတွေနဲ့ ပင်ပန်းနေကြတဲ့အချိန်မှာ ပြည်သူတွေအတွက် တတ်နိုင်သလောက်ဖေးမကူညီခဲ့တဲ့ ချစ်ငယ်ရဲ့ သာဓုခေါ်စရာမွေးနေ့အလှူပုံရိပ်တွေကို အားလုံးကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ May KhaLar's Fb Acc