အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သေကံမရောက် သက်မပျောက်ခဲ့တဲ့ မိခင်ကြီးကိုပွေ့ဖက်ရင်း ဝမ်းနည်းဝမ်းသာဖြစ်ခဲ့တဲ့ ထူးအယ်လင်း

//s9.kh1.co/ef/ef82e5c8ec0d57a27377768d42f63adcb9974e47.png
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

လွန်ခဲ့တဲ့တစ်လကျော်လောက်က ထူးအယ်လင်းရဲ့မိသားစုအိမ်ကို ဝင်ရောက်အကြမ်းဖက်ခံခဲ့ရပြီး အမဖြစ်သူဆုံးပါးခဲ့ရသလို အကိုဖြစ်သူဟာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက်မှာ ဆေးကုသမှုခံယူ နိုင်ခဲ့ပေမယ့် ပျောက်ကင်းသွားတဲ့အချိန်မှာပဲအကျဉ်းကျခံခဲ့ရပြီး လက်ရှိမှာတော့အမှုရင်ဆိုင်နေခဲ့ရပြီပဲ ဖြစ်ပါတယ်။ မိသားစုအတွက် အဆိုးဝါးဆုံးအချိန်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် မိခင်ကြီးကတော့ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကလွတ်ကင်းခဲ့ရပါတယ်။ ကိုယ်တိုင်အသက်ဘေးကလွတ်ခဲ့ပေ မယ့် သားသမီးတွေကို ဆုံးရှုံးလိုက်ရတာတော့ မိခင်တစ်ယောက်အနေနဲ့ ဖြေမဆည်နိုင်အောင်ပါပဲ။

Photo Credit - Htoo El Lynn's FB Acc
Photo Credit - Htoo El Lynn's FB Acc

ထူးအယ်လင်းကလည်း ဆုံးပါးသွားတဲ့အမဖြစ်သူရဲ့ တစ်လပြည့်တဲ့နေ့မှာ ကောင်းမှုကုသိုလ်တွေလုပ်ပြီး အမျှပေးဝေခဲ့ပါသေးတယ်။ အမှုရင်ဆိုင်နေရတဲ့အကိုအတွက်လည်း တရားမျှတမှုဖြစ်လာအောင် အစွမ်းကုန်ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ချစ်ခင်ခဲ့ရတဲ့ မောင်နှမအရင်းတွေရဲ့ သံယောဇဉ်အတိမ်အနက်ဆိုတာ တစ်ယောက်ယောက် မရှိတော့တဲ့အချိန်မှာ ပိုပြီးသိသာလာတဲ့ခံစားချက်မျိုးပါ။ လက်ရှိအချိန်မှာတော့ ဆုံးပါးသွားတဲ့ အမအတွက်နဲ့ အကျဉ်းကျခံနေရတဲ့အကိုအတွက် တတ်နိုင်သမျှကူညီပံ့ပိုးပေးခဲ့ပါတယ်။

Photo Credit - Htoo El Lynn's FB Acc
Photo Credit - Htoo El Lynn's FB Acc
Photo Credit - Htoo El Lynn's FB Acc
Photo Credit - Htoo El Lynn's FB Acc

အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ မိခင်ကြီးနဲ့အတူရိုက်ထားတဲ့ အမှတ်တရပုံလေးကိုတော့ " ကိုယ့်မွေးသမိခင် ကိုယ့်မျက်မြင်ဘုရား အန္တရာယ်ကင်းပြီး ထိခိုက်မှုမရှိတာ အဆိုးထဲက အကောင်းတစ်ခုပါ မေမေသက်ရှည်ကျန်းမာပြီး ပျော်မွေ့တဲ့ ဗုဒ္ဓတရားဓမ္မများဖြင့် ဆက်တည်နေနိုင်ပါစေ??? " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ ဆုံးရှုံးလိုက်ရတော့မလိုဖြစ်ပြီးကာမှ ပြန်ပြီးပွေ့ဖက်နိုင်ခဲ့တာကြောင့် မိခင်ကြီးကို အရင်ကထက်ပိုတဲ့ဂရုစိုက်မှုတွေနဲ့ သားလိမ္မာပီသနေပုံက တကယ်ကိုကျေနပ်စရာပါ။

Photo Credit - Htoo El Lynn's FB Acc
Photo Credit - Htoo El Lynn's FB Acc

သတင်း အရင်းအမြစ်Htoo El Lynn's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T