ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ပိုင်ဖြိုးသုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေးတော်ပုံကြီး စတင်ကတည်းက ပြည်သူတွေနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း စိတ်ရောကိုယ်ပါနှစ်ကာ လူထုလှုပ်ရှားမှုကြီးတွင် လမ်းမပေါ်ထွက်ကာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ယခုလို ပါဝင်ခဲ့တာကြောင့်လည်း ပိုင်ဖြိုးသုက လက်ရှိအခြေအနေမှာတော့ ၅၀၅ က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရတာ ပဲဖြစ်ပါတယ်။

Photo Credit- Paing Phyoe Thu FB Page
Photo Credit- Paing Phyoe Thu FB Page

ပိုင်ဖြိုးသုဟာ အခြေအနေအရ တိမ်းရှောင်နေပေမယ့်လည်း စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေနဲ့ တစ်သားတည်း အခုချိန်ထိ အပြည့်အဝထောက်ခံနေတာ ဖြစ်ပြီး အသက်ပေးသွားရတဲ့ သူတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူတွေအကြောင်းတွေးလိုက်တိုင်း သူတို့ကိုရှက်မနေရဖို့ ..သူတို့တွေရဲ့စွန့်လွှတ်မှုနဲ့ယှဉ်ရင်ကိုယ်တွေရဲ့ဒုက္ခက စာမဖွဲ့လောက်ဘူး..ဆိုတဲ့ အကြောင်းကို အခုလိုရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။

Photo Credit- Paing Phyoe Thu FB Page
Photo Credit- Paing Phyoe Thu FB Page

"ခုချိန်ရှောင်ရပြေးရဒုက္ခခံကြရတာဟာ တစ်သက်တာလိပ်ပြာလုံဖို့ ✊အသက်ပေးသွားသူတွေ ဖမ်းဆီးချုပ်နှောင်ခံရသူတွေအကြောင်းတွေးလိုက်တိုင်း သူတို့ကိုရှက်မနေရဖို့ ..သူတို့တွေရဲ့စွန့်လွှတ်မှုနဲ့ယှဉ်ရင်ကိုယ်တွေရဲ့ဒုက္ခက စာမဖွဲ့လောက်ဘူး....အရေးတော်ပုံကြီးအောင်ပြီးနောက် ဘယ်သူနဲ့ပြန်တွေ့တွေ့ခေါင်းငုံ့မျက်နှာလွှဲနေရမဲ့အဖြစ်မျိုးတော့မလိုချင်ပါ....တစ်မွန်းတည့်စာကောင်းစားနေတဲ့ဟိုဒင်းကြီးကို ဘုရားတစ်ဆူဂူတစ်လုံးသဖွယ် ကိုးကွယ်နေကြသူများ နောင်တစ်ချိန်လူအများကို ဘယ်လိုစိတ်နဲ့ မျက်နှာချင်းဆိုင်မယ်ဆိုတာ သိချင်စမ်းပါဘိ...#အရေးတော်ပုံအောင်ရမည်"ဆိုပြီး လူမူကွန်ယက် စာမျက်နှာထက်တွင် မျှဝေပေးလာတာကြောင့် ချစ်ပရိသတ်တွေ အတွက် ပြန်လည်တင်ဆက်ပေးရင်း အားလုံးဘေးရန်ကင်းရှင်းကြပါစေလို့ ဆုတောင်းမှုပြုလျက်.....🙏🙏🙏

Photo Credit- Paing Phyoe Thu FB Page
Photo Credit- Paing Phyoe Thu FB Page

သတင်းအရင်းမြစ်: Paing Phyoe Thu FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။