အခက်အခဲတွေကြားမှာပဲ နွေဦးတော်လှန်ရေးကို အရံှုးမပေးပဲ ဆက်လက်ချီတက်နေတဲ့ ထားဝယ်မြို့နယ်

//s9.kh1.co/33/33dd8dad0e0119daacfb901d1c46eb29e1926dbf.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေ တစ်ရပ်ကြောင့် ပြည်သူလူထုကြီးက စည်းလုံးညီညွှတ်စွာနဲ့ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် ကြိုးစားကာ သူတို့ရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို လမ်းမပေါ်က မြို့နယ်အသီးသီးတွင် ထုတ်ဖော်ခဲ့ကြတာ လည်းဖြစ်ပါတယ်။ပြည်သူတွေကတော့ အသက်နဲ့ရင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပြီး အားကြိုးမာန်တက်နဲ့ ယခုအချိန်ထိ ဇွဲမလျော့ပဲ ဆက်တိုက် ဆောင်ရွက်နေကြတုန်း ပဲ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

လက်ရှိအချိန်ထိဆိုရင် ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည် သူရဲကောင်းတွေကလည်း အများအပြားရှိနေပြီ ဖြစ်ပါတယ်။အန္တရယ်တွေကြားမှာ အတူတူရင်ဆိုင်နေကြတဲ့ ပြည်သူတွေကလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကူညီဖေးမပြီး ကာကွယ်စောင့်ရှောက်နေကြတာကိုလည်း လေးစားဖွယ် တွေ့မြင်ရပါတယ်။အခုဆိုရင် ဒုတိယလှိုင်း နွေဦးတော်လှန်ရေးက တစ်ဖန်ပြန်လည် အသက်ဝင်လာကာ တစ်ကမ္ဘာလုံးက တိုင်းရင်းသားပေါင်းစုံက ဆန္ဒထုတ်ဖော်နေကြတာ ပဲဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ဖြိုခွင်းဖမ်းဆီးမှုတွေ ရှိနေပေမယ့်လည်း မလျော့သော ဇွဲ၊လုံလ တွေနဲ့ ဒီကနေ့ မနက်အစောပိုင်းတည်းက ထားဝယ်မြို့နယ်က ပြည်သူလူထုကြီးက သွေးမအေးပဲ လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။နေ့စဉ် နေ့တိုင်း မမောမပန်းပဲ ရဲစွမ်းသတ္တိအပြည့်နဲ့ ကြိုးစားနေကြတာလည်း လေးစားစရာပါပဲ......။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T