မန္တလေးမြို့ရဲ့ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်း

//s9.kh1.co/b5/b50ebd9b8d9602b49c294b20f02fb01c02044342.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မန္တလေးမြို့ရဲ့ လမ်းမတွေပေါ်မှာ နေ့တိုင်းနီးပါးမြင်တွေ့နေ့ရတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာလည်း လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့ ဆရာ၊ဆရာမတွေ ၊ ကျောင်းသား၊ ကျောင်းသူတွေ ၊ ပြည်သူ ၊ ပြည်သားတွေနဲ့ ရဟန်းသံဃာတွေပါ ပါဝင်ပါတယ်။

Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e

ဒီတပ်ပေါင်းစု သပိတ်စစ်ကြောင်းအတွင်းမှာပါရှိတဲ့ ရာနဲ့ချီတဲ့ ဆန္ဒထုတ်ဖော်သူတွေဟာ အာဏာရှင်ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းမတွေပေါ်မှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ကြွေးကျော်သံတွေကိုလည်း သံပြိုင်ဟစ်ကြွေးကြပြီး လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e

ယနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ ဒီတပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ အောင်မြင်စွာ ဆန္ဒထုတ်ဖော်ပြီးနောက် လူစုခွဲခဲ့ကြတယ်လို့လည်း သိရပါတယ်။

နွေဦးတော်လှန်ရေး ဒုတိယလှိုင်းစတင်ထဲက မြန်မာတစ်နိုင်ငံလုံးက မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေ အများကြီး ပြန်မြင်လာရသလို ဒီကနေ့မှာလည်း အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေ များစွာရှိနေတာကို တွေ့ရပါတယ်။

Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e
Photo credit - wall-e
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T