ကိုယ်စီ ဓါးများလွယ်ကာ လမ်းလျှောက်သပိတ်ကို ထူးထူးခြားခြားလှုပ်ရှားခဲ့ကြတဲ့ ဒီပဲယင်းကပြည်သူများ

//s9.kh1.co/25/258ef2fbf6f5ac274884419ce70009f6906eb25b.jpeg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာ ခုဆိုရင် အရင်လိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေမရတော့ဘဲ ဖြိုခွင်းမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် လှုပ်ရှားမှုတွေမှာ လူအင်အားနည်းလာတာတွေ့ရပါတယ်။ဒါပေမယ့်လည်း ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ လူငယ်မျိုးဆက်သစ်တွေကတော့ ဒီနေ့ထိ လှုပ်ရှားမှုမျိုးစုံကို သူတို့နေထိုင်ရာ မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိနေဆဲပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်ရက်ပြီးတစ်ရက် လှုပ်ရှားမှုများစွာကို နေရာဒေသအသီးသီးက ပြည်သူတွေဟာ ညီညီညွတ်ညွတ်နဲ့ ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကို ကြက်သီးထစရာမြင်ကွင်းတွေပါပဲနော်။မိမိတိုင်းပြည်အတွက် အသက်ဆုံးရှုံးမှာကို မမုဘဲ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပြည်သူတွေရဲ့ ဇွဲ သတ္တိ တွေကလည်း တကယ်ကိုလေးစားစရာပါပဲ။ဒီလိုအချိန်မှာ အားလုံးကလည်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း ယုံကြည်ချက်ပန်းတိုင်ကိုရှေ့ဆက်နေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီရက်ပိုင်းမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ မြို့တိုင်းလိုလိုက ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းတွေကို ပုံစံမျိုးစုံနဲ့ လမ်းမတွေထက်မှာ ပြန်လည်တွေ့ရှိလာရပြီလည်းဖြစ်ပါတယ်။မေလ (၂) ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာလည်း ဒီပဲယင်းက ပြည်သူတွေဟာ ကိုယ်စီ ဓါးများကို လွယ်ကာ ထူးထူးခြားခြားပုံစံမျိူးနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ပရိသတ်ကြီးလည်း ဒီပဲယင်းကပြည်သူတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T