မလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေက ရိုးရာဝတ်စုံလေးတွေဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပုံရိပ်များ

//s9.kh1.co/8f/8f591750fc062b722a0f282a4e7ab85cc41d1514.jpeg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေက ရိုးရာဝတ်စုံလေးတွေဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပုံရိပ်များ

အခုရက်ပိုင်းမှာဆိုရင် မြို့နယ်အသီးသီးမှာပြုလုပ်ကြတဲ့ လူထုလှုပ်ရှားမှုတွေကတော့ ပြန်လည်အားကောင်းလာတာကို တွေ့ရပါတယ်။ပြည်ပရောက်မြန်မာလူမျိုးတွေက မေလ(၂)ရက်နေ့ ၊ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာ မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတွေကနေ တစ်တပ်တစ်အားပါဝင်နေကြတာ ဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ မလေးရှားနိုင်ငံကို ခေတ္တရောက်ရှိနေကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေက ရိုးရာဝတ်စုံလေးတွေဆင်မြန်းပြီး မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်လိုက်တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြတဲ့ အမိမြေအတွက်မလေးရှားရောက် မြန်မာပြည်သူတွေကလည်း တတ်နိုင်တဲ့နေရာကနေကြိုးစားပေးနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတိုင်းက စည်းလုံးညီညွတ်ကြပြီး အပြန်အလှန်ရိုင်းပင်းကူညီကြလို့ အားတက်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။ပြည်ပရောက်နေပေမယ့်လည်း လက်ရှိမြန်မာ့အရေးမှာ ပါဝင်အားဖြည့်ပေးနေကြတဲ့သူတွေကို ပြည်တွင်းနေထိုင်သူတွေက ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပေါ်လာတဲ့ဒီအခြေအနေကတော့ ပြည်သူလူထုရဲ့ရင်ထဲကို အရမ်းစိုးမိုးနေပြီး အခုချိန်ထိလည်း ဇွဲကောင်းနေကြဆဲပဲဖြစ်ပါတယ်။ပြည်တွင်းမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုကို ရေခြားမြေခြားရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေက လေးစားနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်ပရောက်နေပေမယ့် လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သလောက်ပြုလုပ်နေကြတဲ့ မလေးရှားရောက်သွေးချင်းညီအစ်ကိုမောင်နှမတွေရဲ့ ဆန္ဒထုတ်ဖော်ထားတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T